ဗန်းမောက်မြို့နယ် ရွှေမှော်တွေမှာ ဆန်တစ်အိတ် ၆ သောင်းဝန်းကျင်ဖြင့် ဝယ်ယူနေရ

ဗန်းမောက်မြို့နယ် ရွှေမှော်တွေမှာ ဆန်တစ်အိတ် ၆ သောင်းဝန်းကျင်ဖြင့် ဝယ်ယူနေရ

ဗန်းမောက်မြို့နယ်နဲ့ အင်းတော်မြို့နယ် မြို့ချင်းဆက်လမ်း ပိတ်ထားမှု ၊  လမ်းပိုင်းမှာ စစ် ဆေးရေးဂိတ်တွေ များပြားနေမှုတွေကြောင့်   ဗန်းမောက်မြို့နယ်ထဲက ရွှေမှော်မှာ ဆန်တစ်အိတ် ခြောက်သောင်းကျပ်အထိ မြင့်တက်နေတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိ ဗန်းမောက်မြို့ပေါ်မှာ  ချင်းသုံးဆန်အမျိုးအစား တစ်အိတ်ကို သုံးသောင်းတစ် ထောင်ဝန်းကျင်ရှိနေပြီး  ကျေးလက်တချို့နဲ့ ရွှေမှော်တွေမှာ တစ်အိတ်ငါးသောင်းကနေ ခြောက်သောင်းအထိရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ တစ်အိတ်ကို ငါးသောင်းကျော် ခြောက်သောင်း အဲ့တာကိုမှ မရှိဘူးတဲ့ဗျ၊  မနည်းရှာ ကြံရတာတဲ့ ။ မှော်ထဲမှာ ကွမ်းနှစ်ရာကို ငါးရာတဲ့ အဲ့လိုကိုဖြစ်ကုန်တာ ။ မြို့ပေါ်မှာကတော့ ပုံမှန်ပဲ၊ ဆန်ကတော့ ပုံမှန်ပဲ သုံးသောင်းတစ်ထောင်ပဲ။ ပုံမှန်ပဲကျန်တာတော့။  ဒါပေမယ့် ဆီစျေးတွေမြင့်သွားတာ။ ဂျုံစျေးတွေပေါ့၊   ကြက်ဥတို့ပေါ့၊ တစ်လုံးမှ တစ်ရာ့ငါးဆယ်က အခုနှစ်ရာ့ငါးဆယ်ပေါ့” လို့ ဗန်းမောက်ဒေသခံတစ်ဦးက ပြောပြပါတယ်။

လမ်းပိတ်ထားမှုကြောင့် မန္တလေးမြို့မှ  ဗန်းမောက်မြို့ကိုပို့ခဲ့တဲ့ ကုန်စည်တွေကို အင်းတော်မြို့မှာ  ဆိုင်ကယ်ကယ်ရီတွေနဲ့ သွားရောက် သယ်ယူ ရတယ်လို့ ဆိုပါတယ်။

အင်းတော်မြို့နဲ့ ဗန်းမောက်မြို့ (၂၈) မိုင်အကွာအဝေးကို ဆယ်ကယ်ကယ်ရီခ ခရီးစဉ်တစ်ကြောင်းအတွက် ကျပ်သုံးသောင်းကနေ ငါးသောင်းအထိ ပေးရတယ်လို့ သိရပါ တယ်။

“ လမ်းပိတ်ဆို့မှုဖြစ်နေတယ်။ ကုန်စျေးက ထက်ဝက်လောက်ကို တက်တယ်။  မန္တလေးကနေပို့လိုက်တဲ့ ပစ္စည်းတွေကို ဆိုင်ကယ်ကယ်ရီနဲ့ သွားသယ်ခဲ့ရတယ်။ ဆီစျေးနှုန်းတက်တာကတစ်ကြောင်း။ကုန်တင်ကုန်ချ လုပ်ရတာက တစ်ကြောင်း။ လမ်းပိတ်ထားလို့ ကုန်စျေးနှုန်းတွေ တိုးမြင့်တာပေါ့ “ လို့  ဗန်းမောက် ရှမ်းနီလူငယ်တစ်ဦးက ပြောပြပါတယ်။

ကုန်ပစ္စည်းများကို အဆင့်ဆင့် သယ်ယူရမှုတွေကြောင့် တချို့ကုန်စည်များက စျေး တစ်ဆကျော်မြင့်တက်လာပြီး ပစ္စည်းတချို့လည်း ပြတ်လပ်မှုတွေရှိနေတယ်လို့ စုံစမ်း သိရှိ ရပါတယ်။

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...