ပူတာအို ကလေးများတွင် အရေပြားပေါ် အဖု ယားနာစွဲသည့် ရောဂါ အဖြစ်များနေ

ပူတာအို ကလေးများတွင် အရေပြားပေါ် အဖု ယားနာစွဲသည့် ရောဂါ အဖြစ်များနေ

ပူတာအိုမြို့ အနီးတဝိုက် ကျေးရွာများရှိ ကလေးငယ်များတွင် ယားနာကဲ့သို့ ခန္ဓာကိုယ်တွင် အဖုများပေါက်သည့် ရောဂါတစ်မျိုး ကူးစက် ပျံနှံနေသည်ဟု သိရသည်။

ပူတာအို မလိခမြစ်တစ်လျှောက် ကျေးရွာအားလုံး နှင့် မြို့တွင်း ကောင်ကထောင် ရပ်ကွက်တွင် ပြီးခဲ့သည့် တပတ်ခန့်မှ စတင်ကာ   ယခုလို ယားနာပေါက် အနာများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ပူတာအိုဒေသခံ ဆရာဆမ်လူ ရမ်ဆိုင်း က ပြောသည်။

“ယားနာ၊ ဝဲ လိုမျိုးဖြစ်တာ ပူတာအို ရွာဘက် ကလေးတွေ အများကြီးပဲ။ တချို့ကလေးတွေက တော်တော်ပြင်းထန်တာနေမှာ ငိုတာလည်းရှိတယ်။ ဒီတိုင်းပဲနေနေကြတာများတယ်။ ယားတာပျောက်ရုံ ငြိမ်စေတဲ့ဆေးတွေပဲ သူတို့သိသလို လိမ်းပြီးနေ နေကြတယ်။” ဟု ပြောသည်။

အသက် ၅ နှစ်အောက် ကလေးအများစုတွင် ထိုသို့ ဖြစ်ပွားနေသကဲ့သို့ လူကြီးတချို့တွင် လည်း ဖြစ်ပွားနေသည်ဟု ထပ်မံသိရသည်။

ကလေးငယ်များ၏ နားရွက်၊ ခြေထောက်၊ ဒူး၊ လက်မောင်း အစရှိသည့် နေရာများမှာ အနာ အဖုများဖြစ်နေကြပြီး လက်ရှိအခြေအနေအရ နေအိမ်တစ်အိမ်မှာ ကလေး ၃ ယောက်ရှိပါက ကလေး  ၂ ယောက်မှာ ထိုသို့ ဖြစ်ပွားကြောင်း သိရသည်။

သို့သော်လည်း ပူတာအိုတွင် အဆိုပါ ရောဂါကို ကုသရန်အတွက် ဆေးဝါးမရှိသကဲ့သို့ ဆေးရုံ၊ ဆေးခန်းလည်း မရှိကြောင်း ပူတာအိုဒေသခံ ဆရာဆမ်လူ ရမ်ဆိုင်း က ဆက်ပြောသည်။

“အကုန်လုံးဆေးခန်းသွားဖို့လည်း မရှိဘူး ဒီအချိန်က အကုန်လုံး မြို့ဆေးရုံတွေမှာလည်း ဆရာတွေက CDM လုပ်တာများတယ်။ နည်းနည်းပါးပါးပဲရှိတော့ ဒီလိုကလေးအကုန်လုံးကို ကုပေးဖို့မလွယ်ဘူး။ ရွာက ခုလိုဖြစ်တဲ့ ကလေးတွေအားလုံး ဆေးခန်းမသွားကြဘူး။ ဒီလိုပဲနေကြတယ်။” ဟု ပြောသည်။

ပြီးခဲ့သည့်လများတွင် ပူတာအိုဒေသတစ်ခွင် မွေးမြူထားသော ကျွဲ၊ နွားများတွင် အရေပြားရောဂါ ပျံနှံခဲ့ပြီးနောက် ယခုတစ်ဖန် ကလေးများ၏ အရေပြားပေါ် အနာအဖုများပေါက်သည့် ဖြစ်စဉ်များ ဆက်တိုက် တွေ့ရှိလာခြင်းဖြစ်သည်။

“ဟိုတလောကလည်း ပူတာအို နွားတွေမှာလည်း ယားနာပုံစံမျိုးနဲ့ ဒဏ်ရာတွေတွေ့တာပေါ့။ အဖုတွေတွေ့တယ်။ နောက်ပိုင်းတော့ ကလေးတွေမှာဖြစ်လာတာ ဆိုတော့ အဲ့ကနေ ကူးတာလား၊ ဒါမှမဟုတ် အဲ့နွားတွေ သူတို့ သွားသွားလာလာ လုပ်နေတဲ့ ချောင်းထဲ ကလေးတွေရေချိုးလို့ ဖြစ်တာလား အတိအကျပြောလို့မရဘူး။ ခန့်မှန်းတာပေါ့။ တချို့က ဘယ်လောက်ထိကြာကြာ ဖြစ်လာမလဲ စိုးရိမ်နေကြတယ်။ အချိန်အကြာကြီးဖြစ်ပြီး မိသားစုကို ကူးလာမလား စိုးရိမ်တာတော့ရှိတယ်။ အရင်ကတော့ ဒီလောက်မပြင်းထန်ဘူး။  ဒီနှစ်က အရင်နှစ်ထက် ကွာခြားပြီး တော်တော်ပြင်းထန်တာကို တွေ့ရတယ်။” ပူတာအိုဒေသခံ ဆရာဆမ်လူ ရမ်ဆိုင်း က ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာ ပညာရှင်များနှင့် ကုသရေးအတွက် ဆေးဝါးဆိုင်ရာများအား လမ်းပြ ကူညီပံ့ပိုးပေးပြီး ယခုထက် မဆိုးရွာလာစေဖို့ ဝိုင်းဝန်းကူညီပေးရန် ဒေသခံများ တောင်းဆိုနေကြသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...