တိုက်ပွဲဖြစ်ပွားနေသည့်အတွက် အင်းတော်-မော်လူး လမ်းပိုင်းကို ယာယီပိတ်ထား

တိုက်ပွဲဖြစ်ပွားနေသည့်အတွက် အင်းတော်-မော်လူး လမ်းပိုင်းကို ယာယီပိတ်ထား

ကချင် စစ်ကိုင်းအစပ် အင်းတော်မြို့ နှင့် မော်လူးမြို့ကြားတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် အင်းတော်-မော်လူးကားလမ်းပိုင်းကို အင်းတော် PDF ဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်ဟု သိရသည်။

ယနေ့ နံနက် ၈ နာရီအချိန်တွင် နဘားကျေးရွာမှ အင်းတော် ဘက်သို့ခြေလျှင်ဖြင့်တက်လာသည့် စစ်ကောင်စီတပ် အင်အား ၇၀ ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊PDF ၊ ကျောင်းသားတပ် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

''သိပ်တော့မကြာလောက်ဘူး ခနလောက်ပဲ ကြာရင်တစ်ရက်နှစ်ရက်လောက်ပဲ။ လမ်းပိတ်တာက ခုနဘားလမ်းဆုံမှာ တိုက်ပွဲ ဖြစ်နေလို့ ပိတ်လိုက်တာ အင်းတော် -မော်လူးလမ်းပိုင်းပဲ မနက်က တိုက်ပွဲက မိနစ် ၃၀ လောက်ကြာတယ် အချိန်မရွေးပြန်ဖြစ်နိုင်တဲ့အတွက် လမ်းပိတ်ထားတာ'' ဟု ပြောသည်။

ယနေ့ နံနက် ၉ နာရီမှစတင်ကာ ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ ခရီးသည်တင်ယာဥ်နှင့် ကုန်တင်ကား ကြီးများအားလုံး ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားပြီး အများဆုံးအချိန် ၂ ရက်ခန့်ကြာနိုင်သည်ဟု ဆိုသည်။

နာရီဝက်အကြာ ဖြစ်ပွားခဲ့သည့် ယနေ့ နံနက်တိုက်ပွဲတွင် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ခြုံခိုတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များနိုင်ကြောင်း သိရသည်။

''သူတို့ဘက်ကတော့ ကျဆုံးရှိမယ်ဗျ။ အရေအတွက်အတိအကျပဲ မသိရသေးတာ မြေပြင်သတင်းကိုစောင့်နေတုန်း။ ပြီးရင်ကျနော်တို့ထုတ်ပြန်မယ်ဗျ စစ်ကြောင်းကတော့အဲ့နဘားလမ်းဆုံနေရာမှာပဲ ရှိနေသေးတယ်'' ဟု အင်းတော်PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်းတော်မြို့နယ်တွင် သြဂုတ်လ မတိုင်မှီအထိ ထီးချိုင့်မှ ဝင်လာသည့် စစ်ကြောင်းတစ်ကြောင်း၊ ဗန်းမော်ဘက်မှလာသည့် စစ်ကြောင်း တစ်ကြောင်းနှင့် ကသာဘက်မှလာသည့်စစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်းသုံးကြောင်း ဖြန့်ကာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ယင်းစစ်ကြောင်းအားလုံး သြဂုတ်လဆန်းပိုင်းတွင် ခေတ္တပြန်လည်ဆုတ်ခွာသွားရာ သြဂုတ် ၁၀ ရက်ကျော်ခန့်တွင် ပြန်လည်ဝင်ရောက်လာရာမှ ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...