ကြောင်လည်ကျေးရွာ ဦးဇင်းတစ်ပါးနှင့် ဒေသခံ (၃) ဦးကို PDF တွေဖမ်းဆီးခေါ်ဆောင်သွား

ကြောင်လည်ကျေးရွာ ဦးဇင်းတစ်ပါးနှင့် ဒေသခံ (၃) ဦးကို PDF တွေဖမ်းဆီးခေါ်ဆောင်သွား

ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ဦးဇင်း အရှင်သူရိယကို PDF တွေက ဩဂုတ်လ ၂၁ ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ မနေ့ညက ဦးဇင်းကြီးတစ်ပါးကို လာခေါ်သွားတယ်။ လေးငါးခြောက်ယောက်လောက်ရှိမယ်။ ဆရာတော်ရဲ့ ဖုန်းကိုလည်း မွေသွားပြီး ဦးဇင်းကြီးကို သူတို့ခေါင်းဆောင်တွေက မေးစရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတာ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ကြောင်လည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို လာရောက်ဖမ်းဆီးတဲ့ PDF တွေဟာ  ကနန်းစကားပြောဆိုပြီး ကနန်းဒေသကတွေဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရသိရပါတယ်။

ဩဂုတ် ၂၀ ရက်နေ့မှာ  ပင်းခါးလမ်းဆုံကျေးရွာက အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိုး ၊ ကျောင်းဆရာ ဦးအောင်ပန်း  နှင့် ကိုလင်းဇော်တို့ကိုလည်း  PDF တွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဦးဇင်းအရှင်သူရိယက ဗန်းမောက်မြို့နယ်အတွင်းမှာ  ရှမ်းနီ စာပေ ၊ ရှမ်းနီဘာသာစကားနဲ့ ဗုဒ္ဓတရားတော်တွေသင်ကြားပေးနေသူ လည်းဖြစ်ပါတယ်။

သက်တော် ၅၆ နှစ်နဲ့ ဝါတော် ၂၀ ရှိနေပြီဖြစ်ပြီး ယခင်က လေးသီ၊ ပါယ ကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးပြီး ရှမ်းနီစာပေပျံ့ပွားရေး ၊ ရှမ်းနီကဗျာ ၊ စာပေတွေကို ရေးသား သင်ကြားနေသူတစ်ဦးလည်းဖြစ်ပါတယ်။

PDF  တွေက  နန့်သောင်ကျေးရွာအနီးမှာ ရှိတဲ့ SNA ရှေ့တန်းစခန်းတစ်ခုကို ဩဂုတ်လ ၂၀ ရက်နေ့မှာ လာရောက်တိုက်ခိုက်ပြီး ကြောင်လည် ၊ ပင်းခါးလမ်းဆုံ ၊ ပင်ပုံ ၊ နန့်သောင် စတဲ့ကျေးရွာတွေမှာ  တပ်စွဲထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...