ဆယ်ဇင်းဘက် ပြန်သည့် PDF ၄ ဦး ဟိုပင်တွင် ဖမ်းခံရပြီး လက်နက်ခဲယမ်းအချို့ ပါသွား

ဆယ်ဇင်းဘက် ပြန်သည့် PDF ၄ ဦး ဟိုပင်တွင် ဖမ်းခံရပြီး လက်နက်ခဲယမ်းအချို့ ပါသွား

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာသို့ ပြန်သည့်  PDF လူငယ် ၄ ဦး ဟိုပင်မြို့တွင် ဖမ်းခံလိုက်ရကြောင်း ဖားကန့်ဒေသ သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေအတွင်း သင်တန်းဆင်း၍ ဆယ်ဇင်းသို့ပြန်လာသည့် PDF လူငယ် ၄ ဦး သြဂုတ်လ ၁၆ ရက်နေ့ ဟိုပင်မြို့ တွင် လက်နက်ခဲ ယမ်းများနှင့်အတူ ဖမ်းဆီးခံလိုက်ရကြောင်း စစ်အာဏာ ရှင်တော်လှန်ရေးတွင် ပါဝင်နေသူ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။

“အဖမ်းခံလိုက်ရတာမှန်တယ်ဗျာ။ သင်တန်းဆင်းကလေးတွေပါ သင်တန်းဆင်းပြီး ရပ်ရွာကိုကာကွယ်ဖို့အတွက် ဆယ်ဇင်းကိုအပြန်မှာ ဟိုပင်သံလမ်းရိုးနားမှာ ဖမ်းခံလိုက်ရတာ။ လက်နက်ခဲယမ်းတွေပါသွားတယ်။ အများကြီးတော့ မပါသွားလောက်ဘူး။ ဘာလို့ ဆိုတော့သူတို့က အခုမှ သင်တန်းဆင်းတာဆိုတော့ အထက်ကလည်း အများကြီး မထည့်ပေးလောက်ဘူး”ဟုပြောဆိုသည်။

ဖမ်းဆီးခံရသော လူငယ် ၄ ဦးသည် ည ၅ နာရီအချိန်ခန့်တွင် ဖမ်းခံလိုက်ရခြင်းဖြစ်ပြီး အိမ်စီးကားနှင့်အတူ M- 79 သေနတ်၊ 40MM ဗုံးသီးနှင့် ကျည်ထောင့်အချို့အပါ ဖမ်းခံလိုက်ရကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ယခုနောက်ပိုင်း PDFလူငယ်များ ဖမ်းခံရမှု စီးနင်းတိုက်ခိုက်ခံရမှု မကြာခဏဖြစ်ပွားလျက်ရှိပြီး အများစုမှာ ဒလန်သတင်းပေးမှုကြောင့်ဖြစ်သည်ဟု PDF များပြောသည်။

သြဂုတ်လ ၁၄ ရက်နေ့ နံနက် သုံးနာရီအချိန်တွင်လည်း မြစ်ကြီးနားမြို့ ကြာရာပ္ပတီးရပ်ကွက်ရှိ ခြံတစ်ခြံတွင် နေထိုင်နေသည့် PDF အဖွဲ့သည် ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ PDF လူငယ် ခြောက်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံလိုက်ရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...