မိုဘိုင်းငွေကြေးဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းတွေကို စစ်ကောင်စီတင်းကြပ်

မိုဘိုင်းငွေကြေးဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းတွေကို စစ်ကောင်စီတင်းကြပ်

မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေဖြစ်တဲ့ Kpay ၊ Wave pay အေးဂျင့်ဆိုင်တွေမှာ CCTV တပ်ဆင်ထားရမှာဖြစ်သလို  ငွေသွင်းငွေထုတ်သူတွေကို လျို့ဝှက်ဓာတ်ပုံရိုက်ယူထားရမယ်လို့ ဩဂုတ်လ ၁၅ ရက်နေ့က စစ်ကောင်စီ  ထုတ်ပြန်ထားပါတယ်။

အလားတူ ကိုယ်စားလှယ်မှတစ်ဆင့် ငွေလွှဲ/ငွေထုတ်ရာမှာ  ဖုန်းနံပါတ်ထည့်သွင်းတာ၊   လျှို့ ဝှက်နံပါတ်အသုံးပြုတာ ၊  ငွေလွှဲပို့သူနဲ့ ငွေလက်ခံသူရဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်(အရှေ့/အ နောက်)ပုံ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ငွေလွှဲပို့သည့်အကြောင်းအရင်းတို့အား ကိုယ်စားလှယ်မှ အပြည့်အစုံရယူထားရမယ်လို့ဆိုပါတယ်။

ဒီလိုညွှန်ကြားစာထုတ်ပြန်ထားပေမယ့် တချို့ဆိုင်တွေမှာ လိုက်နာနေပြီး တချို့ဆိုင်တွေက မူလအတိုင်းပဲရှိနေဆဲလို့ စုံစမ်းသိရှိရပါတယ်။

ငွေလွှဲသူနဲ့ လက်ခံသူတွေရဲ့ ကိုယ်ရေးအချက်အလက်အပြည့်အစုံထည့်သွင်းရမယ့်အချက်က ၂၀၂၀ ခုနှစ်ကတည်း တစ်ကြိမ်ညွှန်ကြားမှုရှိခဲ့ပြီး   အာဏာသိမ်းပြီးတဲ့နောက်မှာ ပြန်လည်ညွှန်ကြားတာဖြစ်တယ်လို့ အေးဂျင့်တွေဆီကနေသိရပါတယ်။

စစ်ကောင်စီရဲ့ လက်ရှိညွှန်ကြားမှုက  နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားတွေ ဓာတ်ပုံရိုက်မှတ်တမ်းတင်ရမယ်ဆိုတဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေပါဝင်လာတာလည်းဖြစ်ပါတယ်။

ကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာသတ်ဖြတ်မှုအရ အခုလိုထုတ်ပြန်တာလို့ စစ်ကောင်စီကဆိုပါတယ်။

NUG ကလည်း မိုဘိုင်းငွေကြေးဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ NUG Pay ကို လက်ရှိမှာဖော်ဆောင်နေပြီး ပြည်တွင်းပြည်ပမှာအသုံးပြုနေရတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်းဘဏ် ၁၈ ခု၊ အင်တာနက်ဘဏ်လုပ်ငန်းအတွက် ဘဏ် ၁၀ ခု၊ မိုဘိုင်းငွေပေးချေမှု Mobile Pay အတွက် ဘဏ် ရှစ်ခု၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းအတွက် အဖွဲ့အစည်း ငါးခုတို့ကို ခွင့်ပြုပေးထားတယ် လို့ စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...