ပူတာအိုတွင် အသက် ၁၈ နှစ်ပြည့်သူများ၏အမည်စာရင်း စတင်ကောက်ခံ

ပူတာအိုတွင် အသက် ၁၈ နှစ်ပြည့်သူများ၏အမည်စာရင်း စတင်ကောက်ခံ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် မှတ်ပုံတင်ပြုလုပ်ပေးမည်ဟု ဆိုကာ အသက် ၁၈နှစ်ပြည့်သူများ၏ အမည်စာရင်းများကို စစ်ကောင်စီအဖွဲ့ လိုက်လံကောက်ခံနေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ဩဂုတ်လ ၁၁ရက်နေ့မှစပြီး မြို့နယ်အထွေအထွေအုပ်ချုပ်ရေးရုံး၏ ညွှန်ကြားချက်အရဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများက လိုက်လံကောက်ခံနေသည်ဟု ကောင်ကထောင်ရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါသည်။

“မှတ်ပုံတင်လုပ်ဖို့ဆိုပြီး အိမ်မှာမနေ့က စာရင်းကောက်သွားတယ်။ ဒီအိမ်မှာ ၁၈ ပြည့်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ ဘယ်သူမှတ်ပုံတင်မလုပ်ရသေးဘူးလည်းပေါ့ အဲ့တာတွေမေးပြီးကောက်သွားတာ အဓိကတော့ အသက်ပြည့်ပြီး မှတ်ပုံတင်မရှိတဲ့စာရင်းကိုယူသွားတာ”ဟုပြောဆိုသည်။

အမည်စာရင်း လိုက်လံကောက်ခံရာတွင် အမည်၊ မွေးသက္ကရာဇ်၊ လိင်အမျိုးအစား၊ မိဘအမည်နဲ့မှတ်ပုံတင်နံပတ်၊ နေရပ်လိပ်စာတို့ကို အတိအကျကောက်ယူသွားကြောင်းဒေသခံများထံမှသိရသည်။

အလားတူ လုံးစွတ်၊ ကောင်ကထောင်စသည့်ရပ်ကွက်ဘုန်းကြီးကျောင်းများတွင် လည်း ဗုဒ္ဓဘာသာဝင်များ၏ လူဦးရေ အိမ်ထောင်စုများကို ကောက်ခံပြုစုထားရန်ညွန်ကြားထားပြီး အဆိုပါလူဦးရေ အိမ်ထောင်စုစာရင်းသည် လာမည့်ရွေးကောက်ပွဲအတွက်အကျုံးဝင်မည် ဖြစ်သည်ဟု ဘုန်းကြီးကျောင်းများတွင် ညွန်ကြားစာပို့ထားကြောင်း သိရသည်။

ကချင်ပြည်နယ် အတွင်းရှိမြစ်ကြီးနား၊ ဝိုင်းမော်နဲ့အခြားမြို့များတွင်လည်း ပြီးခဲ့သော ဇွန်လခန့်က ယခုကဲ့သို့ အမည်စာရင်းများကောက်ယူခဲ့သည်။

စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ မှတ်ပုံ တင်ပြုလုပ်ပေးရန် စွမ်းစွမ်းတမံ ဆောင်ရွက်လာမှုမှာ လာမည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ရန်စီစဥ်နေသည့်စစ်ကောင်စီရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...