စက်သုံးဆီ စျေးကျရင် ရပ်နားထားရတဲ့ ရွှေတူးဖော်မှုတွေ ပြန်စမယ်လို့ဆို

စက်သုံးဆီ စျေးကျရင် ရပ်နားထားရတဲ့ ရွှေတူးဖော်မှုတွေ ပြန်စမယ်လို့ဆို

ကြီးမြင့်လာတဲ့ စက်သုံးဆီစျေးတွေကြောင့် တစ်နိုင်တစ်ပိုင် ရွှေတူးဖော်မှုတွေ ရပ်နားထားရပြီး စက်သုံးဆီစျေးကျလာတဲ့အခါ ပြန်စမယ်လို့ တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေသူတွေက ပြောဆိုပါတယ်။

“ ပြန်လုပ်ကြမယ့်အနေအထားပါ၊ တချို့ကလည်း နည်းနည်းစောင့်ကြည့်ကြမယ့်အနေအထားပေါ့ လေးငါးရက်လောက် အဲ့တာပြီးရင် ဆက်မောင်းမယ်ပေါ့ အဲ့လိုတွေကြီးပဲ  ဆီစျေးငါးသိန်းကျော်ဆိုရင်တော့ဆီ ဝယ်လို့ရရင်တော့ပေါ့” လို့ ဗန်းမောက်မြို့နယ်အတွင်း ရွှေမျှောလုပ်ကိုင်နေသူတစ်ဦးက ပြောပြပါတယ်။

တစ်နိုင်တစ်ပိုင်ရွှေတူးဖော်မှုတွေက စက်သုံးဆီစျေးနှုန်း မြင့်တက်မှုတွေကြောင့် အများစု ရပ်နားခဲ့ရတာလည်းဖြစ်ပါတယ်။

ဗန်းမောက်မြို့နယ်အတွင်းမှာ စက်ယန္တရားကြီးတွေနဲ့ တူးဖော်တဲ့   ကုမ္ပဏီကြီးကအစ စက်သုံးဆီစျေးကြီးမြင့်မှုတွေကြောင့် အနည်းအကျဉ်းပဲ  လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

စက်သုံးဆီစျေးနှုန်းတွေက စစ်ကောင်စီဘက်က သတ်မှတ်ထားချက်အရ တစ်ပေပါကို လေးသိန်းဝန်းကျင်သာရှိပေမယ့် ဗန်းမောက် ၊ ဟုမ္မလင်းမြို့တွေမှာ တစ်ပေပါ ၇ သိန်းဝန်းကျင်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ဇူလိုင်လ ဒုတိယအပတ်ထဲမှာ စစ်ကောင်စီရဲ စက်သုံးဆီသိုလှောင်တင်သွင်းဖြန့်ချိရေးကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့စာရင်းတွေအရ ဓာတ်ဆီတွေက ၁၇၀၀ ကျပ်ဝန်းကျင်နဲ့ ဒီဇယ်စျေးနှုန်းတွေက ၂၂၀၀ ဝန်းကျင်မှာရှိနေတာလို့ဆိုပါတယ်။

ဗန်းမောက်မြို့နယ်အတွင်း စက်သုံးဆီတွေကို ကသာမြို့ ၊ မန္တလေး ၊ ရန်ကုန် စတဲ့မြို့တွေဆီကနေ သယ်ယူကြရတာဖြစ်ပြီး လမ်းခရီးကုန်ကျစရိတ်က ဒီလတွေအတွင်း နှစ်ဆနီးပါးလည်း မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။

ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသ ၊ အနောက်ပိုင်းဒေသ နဲ့ မြောက်ပိုင်းဒေသတွေမှာ ရွှေမျှောကို တစ်နိုင်တစ်ပိုင် ၊ စပ်တူရှယ်ယာများနဲ့ ကုမ္ပဏီ စတာတွေက တူးဖော်နေကြတာလည်းဖြစ်ပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...