ပြည်နယ်မရှိသေးတဲ့အမျိုးသားတွေ တနေ့တချိန်ကြရင် ပြည်နယ်သစ်များပေါ်ထွန်းခွင့်ဆိုတဲ့မူ ဥပဒေပြဋ္ဌာန်းချက်တွေရရှိနိုင်ရင် ကောင်းတယ်၊ PNLO နှင့်ဆက်သွယ်မေးမြန်းချက်

ပြည်နယ်မရှိသေးတဲ့အမျိုးသားတွေ တနေ့တချိန်ကြရင် ပြည်နယ်သစ်များပေါ်ထွန်းခွင့်ဆိုတဲ့မူ ဥပဒေပြဋ္ဌာန်းချက်တွေရရှိနိုင်ရင် ကောင်းတယ်၊ PNLO နှင့်ဆက်သွယ်မေးမြန်းချက်

နစကကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင် ဦးဆောင်သောအဖွဲ့တို့  ဇွန် (၁၆ – ၁၈) ရက်နေ့များတွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည့်အချက်များကို တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးခွန်မင်းသိမ်းနှင့် မွန်သတင်းအေဂျင်စီ ဆက်သွယ်မေးမြန်းချက်ဖြစ်ပါသည်။

မေး။    နစကနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဓိက ဘာတွေသဘောတူညီချက်ရခဲ့ကြသလဲ အဲဒါလေးသိလိုပါတယ်ခင်ဗျ

ဖြေ။     အဓိကကတော့ ခုနားပြောတဲ့ သတင်းစာမှလည်း ပါတော့ပါပြီးသားပေါ့နော်၊ အဓိကတော့ ဒီမိုကရေစီနဲ့ဖက်ဒရယ် အခြေခံတဲ့ပြည်ထောင်စုစနစ်ကိုသွားမယ် ။ ပြီးတော့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲသွားတဲ့အခါကြရင် ဆောင်ရွက်သွားဖို့ သဘောထားတွေတော့ ရှိခဲ့ကြတာပေါ့။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သဘောထားတော့ အဓိက ချုပ်လိုက်ရင်တော့ အဲဒါတွေပါတာပေါ့နော်။

မေး။    အချက်ဘယ်နှစ်ချက် သဘောတူညီမှုရခဲ့ကြသလဲဗျ။

ဖြေ။     သဘောတူညီချက်ကတော့ အဲဒါကတော့ အသေးစိတ်ပြောပြဖို့ သိပ်အဆင်မပြေဘူးဗျ။ ဒုဥက္ကဌ ဆီမေးရင်ပိုအဆင်ပြေမယ် ထင်တယ်။ ကျနော် အဲဒီဟာက အသေးစိတ်ပြောဖို့က ဘယ်နှစ်ချက်လည်း ဘာတွေရလည်း ပြောဖို့က အဆင်မပြေဘူးခင်ဗျ။

မေး။    ပြည်နယ်သစ်ပေါ်ထွန်းခွင့်ဆိုတာကိုရော ဘယ်လိုသဘောထားရှိခဲ့ကြသလဲဗျ။

ဖြေ။     ပြည်နယ်သစ် ပေါ်ထွန်းခွင့်ကတော့ ဒီလိုပါပဲ၊ ဒါကတော့ ကျနော်တို့ရဲ့ လိုအင်ဆန္ဒပေါ့နော်၊ ပြည်နယ် မရှိသေးတဲ့ အမျိုးသားတွေ တနေ့၊ တချိန်ကြရင် ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ဆိုတဲ့မူ၊ ဥပဒေပြဋ္ဌာန်းချက်တွေ ရရှိနိုင်ရင် ကောင်းတယ်ဆိုတဲ့ အယူအဆပါပဲ၊ ခုချိန်မှာ အ‌ကောင်အထည်ဖော်ရမှာ မဟုတ်ပါဘူး။ နောက်အနှစ် ၁၀ လည်း ဖြစ်နိုင်တယ်၊ အနှစ် ၂၀ လည်း ဖြစ်နိုင်တယ်၊ အဲဒီ သဘောမျိုးပါပဲ။ လောလောဆယ်မှာတော့ ဥပဒေအရ ဒီ ၂၀၀၈ ဆိုတာ လောက်ပဲ သူတို့ အနေအထားရှိပြန်တော့လည်း သိပ်ပြီးတော့ အရမ်းခက်ခဲသေးတဲ့ အနေအထားမျိုးလည်း သွားရှိနေတာပေါ့။ ဒါကတော့ လောလောဆယ် ကျနော်တို့ မျှော်မှန်းချက်အနေနဲ့ပါ

မေး။    ဗိုလ်မှူးတို့ဘက် ခုလိုတင်ပြလိုက်တော့ နစက ကရော ဘာတွေပြောကြားခဲတာ ရှိသလဲဗျ။

ဖြေ။     နစက ကတော့ အဓိကတော့ ဒီ ၂၀၀၈ အနေနဲ့ ဆိုလို့ရှိရင် နည်းနည်းတော့ ခက်ခဲနေသေးတာပေါ့။ အဲဒီလိုမျိုး ချုံးလိုက်ရင်တော့ အဲဒီလိုမျိုးရှိတာပေါ့။

မေး။    ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နစက အနေနဲ့ ဘာတွေပြောလာတာ ရှိသလဲဗျ။

ဖြေ။     ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်လုပ်ငန်းစဉ်တွေတော့ မပါဘူး။ အဲဒီလိုမျိုးတော့ မပါဘူး။ ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတာတော့ ဆွေးနွေးတာရှိပါတယ်။ သိပ်ပြီး အသေးစိတ်ရ အသေးစိတ်ဆွေးနွေးတာတွေ တော့မရှိခဲ့ပါဘူး။

မေး။    ပြီးခဲ့တဲ့ ရက်ပိုင်းက ရွေးကောက်ပွဲမလုပ်ဖြစ်ရင် တိုင်းရင်းသားတွေအနေနဲ့ သူတို့အခွင့်အရေးတွေ ဆုံးရှုံးမယ်ဆိုပြီး နစက ဥက္ကဋ္ဌ ပြောထားတဲ့အပေါ် PNLO အနေနဲ့ ဘယ်လိုမှတ်ချက်ပေးလိုသေးလဲဗျ။

ဖြေ။     ကြားတာတော့ ကြားတာပေါ့လေ။ တိုင်းရင်းသားအခွင့်အရေးဆုံးရှုံးမယ်ဆိုတော့ သူတို့ ရွေးကောက်ပွဲစနစ်ကတော့ PR စနစ်နဲ့ သွားဖို့လိုလားကြတဲ့ သဘောရှိကြတယ်ပေါ့။ နားထောင်ကြည့်ရတာတော့။ ဒါပေမဲ့လည်း ဒီ PR က အချိုးကျစနစ်ပါလာနိုင်တယ်ဆိုတဲ့ ယူဆချက်ပေါ့နော်။ အဲဒီလိုမျိုးတွေ သူတို့ ပြောဆိုနေကြတာတော့ရှိတယ်။ တကယ့်တကယ်  ရွေးကောက်ပွဲရလဒ်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကျနော်တို့ စနစ်တကျ မလုပ်ရတော့ မသိရတော့ ကျနော်အနေနဲ့ ပြောပြဖို့တော့ နည်းနည်းခတ်နေတယ်ဗျ။

မေး။    လက်ရှိ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘာတွေ အကြံပြု ဆွေးနွေးခဲ့တာရှိသလဲဗျ။

ဖြေ။     ကျနော်တို့လည်းပြောတော့ ပြောပြခဲ့ပါတယ်။ ကျ‌နော်တို့ ဒုဥက္ကဌ ပြောပြတယ် အဲဒီထဲမှာလည်း ပါပါတယ်။ နိုင်ငံရေးပြဿနာများကို အားလုံးပါဝင်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းပေးဖို့ဆိုတဲ့ လိုလားချက်တော့ ရှိပါတယ်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆန္ဒက ကျနော်တို့မှာလည်း သဘောထားရှိပါတယ်။

မေး။    PNLO ထုတ်ပြန်ချက်မှာ တွေ့ရတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းခွင့်ဆိုတာ ဘယ်လိုမျိူးပုံစံလဲဗျ။

အဲဒါက‌တော့ ဒီလိုပါ။ ပအိုဝ်းအတွက် ရည်ရွယ်ပြီးပြောတာ မဟုတ်ဘူး။ တနေ့၊ တချိန်ကြရင် မွန်ပြည်နယ်လည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်လည်း ကရင်ပြည်နယ်၊ အဲဒီပြည်နယ်တိုင်း၊ ပြည်နယ်တိုင်းမှာ မိမိပြည်နယ်နဲ့ သင့်လျော်တဲ့၊ မိမိ အခြေအနေနဲ့ သင့်လျော်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်တယ် ဆိုလို့ရှိရင် ပိုပြီးတော့ သူတို့အတွက် ပိုပြီးတော့ အဆင် ပြေ မလားဆိုတဲ့ ယူဆချက်နဲ့ပါ။ အဲဒါကြောင့် ဒုတိယဥက္ကဋ္ဌက အဲဒီစကားပြောတာပါ။ ပအိုဝ်းကတော့ ပြည်နယ်လည်း မရှိ သေးဘူး။ လက်ရှိမှာလည်းပဲ ဒီ ၂၀၀၈ အရ ဆိုလို့ရှိရင်တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုလို့ရှိရင် ဒီပြည်နယ် ဖွဲ့စည်းပုံ ကတော့ ပြောလို့တာ ပြောနေရတာ အဲဒီပုံစံမျိုးတော့ မဟုတ်သေးဘူးလေ။

မေး။    PNLO နှင့် နစက တို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အပေါ် ဗိုလ်မှူးအနေနဲ့ ဘာများပြောစရာရှိသေးလည်းဗျ။

ကျနော်အနေနဲ့ ထွေးထွေးထူးထူး မှတ်ချက်ပြောစရာမရှိတော့ပါဘူးခင်ဗျ။

Most read this week

May 9, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ်...
May 8, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မွန်အမျိုးသားပညာရေးဌာနမှ ဦးဆောင်ဖွင့်လှစ်ထားသည့်...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်ရပ်ကွက်အချို့တို့တွင် မြေမြှုပ်မိုင်း...
May 7, 2024
လာမည့် ဇွန်လ ၃ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများအားလုံး...