ကော့ကရိတ်မြို့တွင် ကြက်သွန်နီဈေး နှစ်ဆကျော် မြင့်တက်လာ

ကော့ကရိတ်မြို့တွင် ကြက်သွန်နီဈေး နှစ်ဆကျော် မြင့်တက်လာ

ကော့ကရိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း မီးဖိုချောင်သုံး စားသောက်ကုန်ဈေးနှုန်းများ အသီးသီး မြင့်တက်လာပြီး ကြက်သွန်နီဈေးနှုန်းမှာ နှစ်ဆကျော် မြင့်တက်သွားကြောင်း စားသောက်ကုန်ရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် မေလက ဆယ်ပိဿာဆံ့သည့် ကြက်သွန်နီ တစ်အိတ်လျှင် ၁၀,၀၀၀ကျပ်ဝန်းကျင်သာရှိပြီး ဇွန်လအတွင်း တစ်အိတ်လျှင် ၂၀,၀၀၀ကျော်အထိလည်းကောင်း၊ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ (၂၂၀၀)ကျပ်အထိ စျေးတက်သွား ကြောင်း ကုန်စုံဆိုင်ရောင်းသူတစ်ဦးက ပြောသည်။

"ကြက်သွန်နီစျေးတွေက အတော်တက်လာတယ်။ ကျနော်သွားဝယ်တဲ့ဆိုင်က ဆိုင်ရှင်ဆို ကြက်သွန်နီအိတ်ကို ရာနဲ့ချီ ပြီး ဝယ်ယူထားတယ်။ ရွာတွေက လာဝယ်တဲ့သူတွေကိုလည်း များများ ဝယ်ထားလို့ ပြောတယ်။ နောက်ဆို ပို စျေး တက်လာအုံးမှာတဲ့။"ဟု အမည်မဖော်လိုသူ ကျေးလက်နေရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်စိုက်ပျိုးရာ စစ်ကိုင်းတိုင်းဒေသ၌ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသည့်အတွက် ဒေသခံများ မှာ စိုက်ပျိုးရေးကို မလုပ်ကိုင်နိုင်တော့ခြင်းနှင့် စက်သုံးဆီဈေးမြင့်တက်လာ၍ သယ်ယူစရိတ်မြင့်မားခြင်းများကြောင့် ကြက်သွန်စျေးနှုန်းများ တက်လာခြင်းဖြစ်သည်ဟု ကော့ကရိတ်မြို့၊ စားသုံးကုန်ရောင်းဝယ်နေကြသူများက ပြောဆိုနေ ကြသည်။

ထို့အပြင် ကော့ကရိတ်မြို့တွင်း စျေးဆိုင်များမှ ကြက်သွန်များဝယ်ယူကာ ကျေးရွာများ၌ တဆင့် ပြန်လည်ရောင်းချကြ သူများကလည်း သွားလာရေးစရိတ်ကာမိစေရန် ပိဿာအလိုက် အနည်းငယ်စီ ထပ်မံ စျေးတင်ထားသည်ဟုလည်း သိရ သည်။

စားသုံးသူတစ်ဦးက "အရင်က ကြက်သွန် ၄လုံး စားနိုင်မယ်ဆိုရင် အခုတော့ ၁ခြမ်းပဲ စားနိုင်တော့တယ်။ ဒီလိုသာ ဆက်သွားနေရင် ငတ်ပြတ်ပြီး သေတော့မယ်။"ဟု ပြောသည်။

ယင်းသို့ ကြက်သွန်နီ စျေးနှုန်းမြင့်တက်လာခဲ့သော်လည်း ကြက်သွန်ဖြူစျေးနှုန်းမှာမူ သိသာစွာ မြင့်တက်ခြင်းမရှိဘဲ ယခင် တစ်ပိဿာ ၅၀၀၀ကျပ်မှ ယခု ၆၀၀၀ကျပ်သာဖြစ်ကြောင်း စားသုံးကုန် ရောင်းချနေသူများနှင့် ဝယ်ယူစားသုံးသူ များ၏ ပြောပြချက်များအရ သိရသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...