ကရင်ရှိ လောင်စာဆီဆိုင်များ စစ်ကောင်စီသတ်မှတ်စျေးဖြင့် မရောင်းဘဲ ထိုင်း ဘတ်ငွေစျေးအပေါ်မူတည်၍ ရောင်းချနေ

ကရင်ရှိ လောင်စာဆီဆိုင်များ စစ်ကောင်စီသတ်မှတ်စျေးဖြင့် မရောင်းဘဲ ထိုင်း ဘတ်ငွေစျေးအပေါ်မူတည်၍ ရောင်းချနေ

ကရင်ပြည်နယ်အတွင်း ထိုင်းဘက်မှ တင်သွင်းသည့် လောင်စာဆီစျေးနှုန်းမြင့် တက်နေမှုကြောင့် အရောင်းဆိုင်များတွင် စစ်ကောင်စီသတ်မှတ်စျေးဖြင့် ရောင်းချမှု မရှိဘဲ ထိုင်းဘတ်ငွေ ပေါက်စျေးအတက်အကျပေါ်မူတည်၍ နေ့စဉ်စျေးအပြောင်း အလဲပြုလုပ်သတ်မှတ်ကာ ရောင်းချနေကြသည်ဟု သိရှိရသည်။

ဖားအံ -မြ၀တီ ကားသေးယာဉ်မောင်းတစ်ဦးက “စစ်ကောင်စီက သတ်မှတ်တဲ့စျေး ဘယ်သူမှ မရောင်းနိုင်ကြပါဘူး၊ အဲ့လို မရောင်းရင် အရေးယူမယ်သာ ပြောထား တာ၊ မြေပြင်မှာတော့ အရေးယူဖို့ ခက်ပါတယ်၊ ဆီဆိုင်အများစုက BGF တပ်နဲ့ နီးစပ် သူတွေလုပ်ကြတဲ့ ဆီဆိုင်တွေများတယ်လေ၊ ဆီကလည်း BGF ဂိတ်တွေက သွင်း တာ၊ အဲ့ဒီတော့ သူတို့ရောင်းတဲ့စျေးအတိုင်းပဲ ၀ယ်သုံးနေကြရတယ်၊ ” ဟု ပြော သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံခြားသုံးငွေ ဒေါ်လာအသုံးပြုမှု ကန့်သတ်လိုက်ပြီးသည့်နောက်ပိုင်း နိုင်ငံခြားငွေ ဒေါ်လာငွေကြေးဖြင့် ကုန်သွယ် ၀ယ်ယူရသည့် လောင်စာဆီလုပ်ငန်းများ အခက်အခဲဖြစ်ကုန်ပြီးနောက် ရန်ကုန်၊ မန္တလေးနှင့် အထက်မြန်မာပြည် မြို့၊ ရွာများရှိ လောင်စာဆီဆိုင်များ ပိတ်ထားရ သည့် အခြေအနေအထိ ကြုံတွေ့နေကြကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးဘက်တွင်မူ ထိုင်းနိုင်ငံမှ တင်သွင်းသည့် လောင်စာဆီ မှောင်ခိုစျေးကွက်မှ တင်သွင်းမှုများရှိနေသည့်အတွက် ဒေသတွင်း လောင်စာဆီပြတ်လပ်မှုကြုံတွေ့ရခြင်းမရှိသေးကြောင်း သိရှိရသည်။

သို့သော် ထိုင်း-မြန်မာ ငွေကြေးလဲလှယ်နှုန်း ကွာဟချက်ကြောင့် လောင်စာဆီ စျေးနှုန်းမြှင်တင်ရောင်းချနေရသည့်အတွက် ဒေသထုတ်ကုန်လုပ် ငန်းရှင်များ၊ ယာဉ်လိုင်းများ၊ စက်မှုလက်မှုလုပ်ငန်းများ အချို့ရပ်နားနေကြရပြီး အချို့မှာ အခက်အခဲအကြားမှ ဆက်လက်လုပ်ဆောင်နေကြသေးကြောင်း ဒေသခံအသေးစား လုပ်ငန်းရှင်များက ပြောသည်။

“တစ်လစ်၊ နှစ်လစ် ၀ယ်တာကတော့ မသိသာပေမယ့် ဆီပေပါလိုက် ၀ယ်ယူသုံးစွဲ ရတဲ့ လုပ်ငန်းရှင်တွေပိုပြီး အထိနာသလို ကုန်စျေးနှုန်းတက်ခရီးစရိတ်တွေ တက် လာတော့ အောက်ခြေလူတန်းစားတွေပဲ စား၀တ်နေရေးတွေ ပိုခက်ခဲလာတာ ပေါ့ဗျာ” ဟု ဖားအံမြို့ရှိ အသေးစားလုပ်ငန်းရှင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ် မြဝတီမြို့နှင့် ဖားအံမြို့များအပြင် မွန်ပြည်နယ် မော်လမြိုင်ဘက်အထိ ထိုင်းဘတ်စျေးပေါ်တွင်မူတည်၍ လောင်စာဆီကို ရောင်းချ လျက်ရှိသည်။ လက်ရှိစျေးနှုန်းမှာ 92 ROM ဆီတစ်လစ်ကို ကျပ်ငွေ ၂၃၃၀ မှ ၂၂၅၀ စျေးနှုန်းရှိသလို ဒီဇယ်တစ်လစ်ကို ကျပ်ငွေ ၂၆၅၀ စျေးနှုန်းဖြင့် ရောင်းချလျက်ရှိသည်ဟု သိရှိရသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...