ထားဝယ်-ထီးခီးလမ်းပိုင်း ဖြတ်သန်းသွားလာခွင့် အကန့်သတ်မရှိပိတ်လိုက်ကြောင်း PDF ထုတ်ပြန်

ထားဝယ်-ထီးခီးလမ်းပိုင်း ဖြတ်သန်းသွားလာခွင့် အကန့်သတ်မရှိပိတ်လိုက်ကြောင်း PDF ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ်သို့သွားလာသည့် ထားဝယ်-ထီးခီးလမ်းပိုင်းကို ဇွန်လ ၁၁ ရက်နေ့မှစတင်ကာ လုံး၀ အသုံးပြုခွင့်မရှိ ပိတ်မည်ဖြစ်ကြောင်း Eastern Defense Force EDF အဖွဲ့က ယနေ့ ဇွန်လ ၁၀ ရက်နေ့ တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

ထားဝယ်-ထီးခီးလမ်းပိုင်း မေတ္တာမြို့ ၀ကုန်းကျေးရွာရှိ ၂၃ မိုင် စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ထားဝယ်ဘက်မှဆင်းလာသော စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၏ ထောက် လှမ်းရေးတပ်ဖွဲ့(SB)က အရပ်ဝတ်ဖြင့် အိမ်စီးကားနှင့်ရောက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စစ် ဆေးရန်တားဆီးစဉ် ပစ်ခတ်မှုကြောင့် PDF ရဲဘော် နှစ်ဦး ကျဆုံးကာ တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု EDF အဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထိုကြောင့် အဆိုပါလမ်းပိုင်း၌ ထိုင်းနိုင်ငံကို သွားရောက်မည့်ကားများကို ထားဝယ်-ထီးခီးလမ်း အသုံးပြု ခွင့် အကန့်အသတ်မရှိပိတ်ပင်လိုက်ကြောင်း ခရီးသွားပြည်သူများအား သတိပေးထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

စစ်ရေးတင်းမာလာနိုင်သည့် ယင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားကားများနှင့် ခရီးသွား အသွင်ယူကာ လာရောက်နိုင်သည့်အတွက် သတိပေးပိတ်ရခြင်းဖြစ်ကြောင်း Eastern Defense Force (EDF) အဖွဲ့မှ ထုတ်ပြန်ထားသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...