မိုးဗြဲနှင့် နန်းမယ်ခုံကြား တိုက်ပွဲဖြစ်ပွား၊ စစ်ရှောင်များ အကူအညီလိုအပ်

မိုးဗြဲနှင့် နန်းမယ်ခုံကြား တိုက်ပွဲဖြစ်ပွား၊ စစ်ရှောင်များ အကူအညီလိုအပ်

ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ ဇူလိုင်လ ၂၀ ရက်နေ့အထိ နေ့စဉ်နီးပါး ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။

တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် အနီးနားရှိ ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးရှောင် နေရဆဲ ဖြစ်ပြီး လက်ရှိတွင် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း ဆိုသည်။

စစ်ရှောင်သတင်းရင်းမြစ်က “မိုးဗြဲနဲ့ နန်းမယ်ခုံကြားမှာ ကျနော်တို့ စစ်ရှောင်နေတာ နှစ်လကျော်ရှိပြီ။ အဲ့ဒါ တော်တော်လေးတော့ ဟိုဥစ္စာ (အခက်အခဲ) ဖြစ်တယ်။ ရွာမှာလည်း တချို့ပစ္စည်းတွေ အများကြီး ကျန်ခဲ့ တယ်။ တချို့သူတွေ ပြန်ယူတယ်ပေါ့နော်။ ပြေးပြီးတော့ ပြန်ယူတဲ့အချိန်မှာ ဒရုန်းတွေရော လက်နက်ကြီးတွေ ရောနဲ့ လာချလို့လေ။ အများကြီး သေတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်နေရသည့် ကာလအတွင်း စစ်တပ်၏ လက်နက်ကြီးနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် ကလေး ငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ခြောက်ဦး သေဆုံးခဲ့ကြောင်း ဆိုသည်။

လက်ရှိသည် မိုးရာသီကာလ ဖြစ်သောကြောင့် အမိုးအကာနှင့် စားနပ်ရိက္ခာအကူအညီများကို အဓိက လိုအပ်နေ သည်ဟု စစ်ရှောင်များက ပြောသည်။

မဇ္ဈိမ၏ သတင်းရင်းမြစ်က “တောက်လျှောက်ပဲ ထိတွေ့မှုတော့ တောက်လျှောက် ဖြစ်နေတယ်ပေါ့နော် စစ်ရေးကတော့။ စစ်ရေးကတော့ နှစ်ဖက် ထိခိုက်မှု ရှိတယ်ပေါ့နော်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု နည်း ပါတယ်။ သူတို့ဘက်ကတော့ ထိခိုက်မှု ပိုများတယ်ပေါ့နော်။ စစ်ရေးကတော့ ဘယ်ဘက်က အသာစီးပိုရလဲ မပြောတတ်ဘူး” ဟု ဆက်ပြောသည်။

မိုးဗြဲမြို့အနီးတွင် စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က စစ်ကြောင်းထိုးနေခြင်းကြောင့် ကရင်နီတော် လှန်ရေး တပ်ပေါင်းစုနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်ကြောင်း ထိုးလာမှုများကြောင့် နန်းမယ်ခုံ - လွယ်ယင်းတောင်ခြေ၊ လွယ်ဝိုင်းနှင့် ခေါင်းစံလမ်းပိုင်းများကို ဖြတ်သန်းသွားလာခြင်း မပြုရန် မိုးဗြဲ PDF က ဇွန်လ ၃၀ ရက်နေ့ကတည်းက တိုက်တွန်းနှိုးဆော်ထားသည်။

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ် / Crd
September 21, 2026
မကွေးမြို့မှ ထွက်ခွာလာသည့် အင်အား ၁,၅၀၀ နီးပါးပါ စစ်အုပ်စုတပ်၏ ယာဉ်တန်းသည် ယောဒေသ၊ လောင်း...
September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...