မြို့ကျက်သရေဆောင် ထန်တလန်နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီတပ် မီးတင်ရှို့

မြို့ကျက်သရေဆောင် ထန်တလန်နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီတပ် မီးတင်ရှို့

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က နှစ် ၆၀ နီးပါးသက်တမ်းရှိသော မြို့ကျက်သရေဆောင်ထန်တလန်နှစ်ခြင်းဘုရားကျောင်းကြီး ယမန်နေ့ ဇွန်လ ၉ ရက် ညနေ ၄နာရီ၃၀မိနစ်အချိန်ခန့်က မီးလောင်ကျွမ်းရာ စစ်ကောင်စီတပ်၏ရှို့မီးကြောင့်ဖြစ်သည်ဟု ဒေသခံများက ယုံကြည်နေကြသည်။

‘’ စကစတွေကတော့ပြောလိုက်ရင် ထန်တလန်ကို သူတို့မီးမရှိူ့ဘူး။ CDF (ချင်းကာကွယ်ရေးတပ်ဖွဲ့) တွေပဲ မီးရှို့တာဆိုပြီး အမြဲပြောတယ်။ အဲဒီနေရာမှာ CDFတွေလုံးဝ ဝင်လို့မှမရတာ၊ ဒီတော့ဘယ်သူကရှို့မှာလဲ ’’ ထန်တလန်နှစ်ခြင်းအသင်းတော်မှလူငယ် ပါစ္စတာတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

စစ်ကောင်စီတပ်သည် အဆိုပါထန်တလန်နှစ်ခြင်းဘုရားကျောင်းဝင်း အတွင်းရှိ အသင်းတော်ရုံးခန်းနှင့် ကွာတာအဆောင်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့တွင် မီးရှိုခဲ့ဖူးပြီး၊ ဒီဇင်ဘာ ၁၇ ရက်တွင် Christian Community Hall၊ ဒါဝင်ဆောင်၊ မီးဖိုချောင်၊ ဆုတောင်းဆောင်များကိုဆက်ရှို့ကာ ဒီဇင်ဘာ ၃၀ ရက်တွင် ဂျူဘီလီခန်းမ၊ အစည်းအဝေးခန်း၊ ဧည့်သည်ဆောင် နှင့် မူကြိုဆောင်များကို မီးရှိုခဲ့ကြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် ထန်တလန်မြို့အတွင်းအိမ်ခြေ ၁,၂၀၀ကျော်နှင့် ဘုရားကျောင်း ၁၁ကျောင်းမီးလောင်ကျွမ်းခဲ့ရပြီးဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...