မံကပ်ဒေသစိပ်က စာသင်ကျောင်း (၃၃) ကျောင်း မဖွင့်ဖို့တားမြစ်ခံထားရမှုကြောင့် ပိတ်ထားရ

မံကပ်ဒေသစိပ်က စာသင်ကျောင်း (၃၃) ကျောင်း မဖွင့်ဖို့တားမြစ်ခံထားရမှုကြောင့် ပိတ်ထားရ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် မံကပ်ဒေသစိပ်က စာသင်ကျောင်း (၃၃) ကျောင်း မဖွင့်ဖို့ တားမြစ်ခံထားရမှုကြောင့် ပိတ်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ မံကပ်ဒေသစိပ်  (၉) အုပ်စုက ၃၃ ကျောင်း မဖွင့်ရဘူး ၊ ခြိမ်းခြောက်ထားတယ်လေ ဆရာမတွေက ပြန်ကုန်တာပါ့အေ သူ့ရွာကိုယ့်ရွာ သူ့နေရပ်ကိုယ့်နေရပ်ပြန်ကုန်တာပါ့။ ဒေသခံတွေလည်းမလုပ်ရဲဘူးလေ” လို့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။

ရှမ်းနီအသံကို ဆက်သွယ်ပြီး ပြောဆိုခဲ့တဲ့ Non CDM  ကျောင်းဆရာ/မတွေက ကျောင်းပိတ်ဖို့ PDF တွေက တားမြစ်ထားတာဖြစ်ပြီး ဆက်ဖွင့်မယ်ဆိုရင် အရေးယူမယ်လို့ပြောဆိုကြပါတယ်။

ပိတ်ထားရတဲ့ ကျောင်းတွေထဲမှာ အထကကျောင်း (၄) ကျောင်းပါဝင်ပြီး ကျန်တဲ့ ၂၉ ကျောင်းက အလက နဲ့ မူလတန်းကျောင်းတွေဖြစ်တယ်လို့သိရပါတယ်။

ဗန်းမောက်မြို့နယ် PDF အဖွဲ့က ကျောင်းတွေကို ဖွင့်ရင် အရေးယူမယ်လို့ ဇွန်လ (၄) ရက်နေ့မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

မိဘတွေကြားမှာလည်း ကလေးတွေပညာသင်ခွင့်ဆုံးရှုံးတာနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေကြတာလည်းဖြစ်ပါတယ်။

“ ငါတို့ရှမ်းနီနယ်က ကလေးတွေ ပိုက်ဆံရှိတဲ့ကလေးတွေပဲ ကျောင်းတက်ရပြီး မရှိတဲ့ကလေးတွေက မတက်ပဲ ဒီအတိုင်းပဲနေရတော့မှာလား တစ်သက်လုံး ပြီးရင် နှစ်နှစ်တော်ပြီလေ ၊ တော်လှန်ရေးက ဒီလိုနဲ့ ပြီးသွားတော့မှာလား မပြီးမချင်း မတက်ရတော့ဘူးလား” လို့ ရှမ်းနီကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ပိတ်ထားလိုက်ရတဲ့ စာသင်ကျောင်း (၃၃) ကျောင်းမှာ နှစ်စဉ် စာသင်သူဦးရေ နှစ်ထောင်ဝန်းကျင်ရှိ တယ်လို့ ဗန်းမောက်မြို့နယ် ပညာရေးဌာနစာရင်းတွေအရပါတယ်။

ဗန်းမောက်မြို့နယ်မှာ ဖုန်းလိုင်းရရှိမှုက တစ်မြို့လုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်သာရှိပြီး အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားခြင်းခံထားရပါတယ်။

ဗန်းမောက်မြို့မှာ NUG စီစဉ်တဲ့ အွန်လိုင်းပညာရေးစနစ်ကို အလှမ်းမမှီသလို ဗန်းမောက်မြို့နယ်ဒေသကာကွယ်ရေး က ဖွင့်လှစ်တဲ့ ကျောင်းတွေလည်း မရှိသေးကြောင်း စုံစမ်းသိရှိရပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...