စစ်ရှောင်များအတွက် ရိက္ခာသယ်ယူပို့ဆောင်ရေးတွင် သွားလာရေးအခက်အခဲများနှင့်ကြုံတွေ့နေရ

စစ်ရှောင်များအတွက် ရိက္ခာသယ်ယူပို့ဆောင်ရေးတွင် သွားလာရေးအခက်အခဲများနှင့်ကြုံတွေ့နေရ

ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) နယ်မြေ၊ လေးကေကော် အနီးပတ်ဝန်း ကျင်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာသယ်ဆောင်ရာတွင် သွားရေးလာရေး အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးသူများထံမှ သိရသည်။

စစ်ဘေးရှောင်နေရသည်မှာ ၆ လကျော်ကြာမြင့်လာပြီးဖြစ်သော သောင်ရင်းမြစ်ကမ်းဘေးတစ်လျှောက်ရှိ စစ်ဘေးရှောင်များအတွက် နယ်စပ်ဖြတ်ကျော် ကူညီပေးသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လည်း လျော့နည်းလာသလို ပြည်တွင်းအလှူရှင်များ၏ အကူအညီများဖြင့် စားနပ်ရိက္ခာများ ဝယ်ယူသယ် ဆောင်ရာတွင်လည်း စစ်ကောင်စီ၏တားမြစ်ပိတ်ဆို့ခြင်းနှင့် ရိက္ခာပစ္စည်းသိမ်းဆည်းခံရမှုများရှိနေကြောင်း အမည်မဖော်လိုသည့် အကူအညီပေးနေသူ တစ်ဦးက ယခုလို ပြောသည်။

၎င်းက”ဝေါလေဘက်ကို စျေးတက်ဝယ်လို့မရဘူး။ စျေးတက်ဝယ်ရင်လည်း သူတို့(စကစ)က စစ်တယ်။ ဘယ်ကလဲ၊ ဘာလာလုပ်လဲ ဆိုပြီးမေးတယ်။ ပစ္စည်းတွေဝယ်လာရင်လည်း သူတို့ကို တစ်ဝက်ပေးရတယ်။ တခါတလေကျရင် စစ်ဘေးရှောင်တွေအတွက် ဆန်အိတ် အိတ်(၂၀)လောက်ဝယ်လာရင် သူတို့က ဆယ်အိတ် လောက်ယူထားလိုက်တယ်။ BGF တို့ DKBA တို့ အဲ့လိုအသိတွေရှိတဲ့လူတွေကျတော့ အေးဆေးပဲ သူတို့ သွားကြတာ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ သောင်ရင်းမြစ်ကမ်းနံဘေးရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည့် စားနပ်ရိက္ခာနှင့် အခြား အမိုးအကာ ပစ္စည်းများကို လှူဒါန်းမှုပြုရာတွင် ထိုင်းနိုင်ငံဘက်ခြမ်းမှလည်း စစ်ဆေးတားမြစ်မှုများရှိနေသလိုမြန် မာပြည်ဘက်ခြမ်းတွင်လည်း စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များမှ တားမြစ်စစ်ဆေးပြီး စားနပ်ရိက္ခာအများ ပြား သယ်ဆောင်သွားလျှင် သိမ်းယူထားမှုများရှိကြောင်း ဆိုလိုခြင်းဖြစ်သည်။

ထို့အပြင် ဒေသခံ ပြည်သူများအနေဖြင့် မြဝတီဘက်ခြမ်းနှင့် ဝေါလေဘက်ခြမ်းသို့ စားနပ်ရိက္ခာများ သွားရောက် ဝယ်ယူရာတွင်လည်း နယ်မြေခံ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA နှင့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများသာ အတားအဆီး စစ်ဆေးခြင်းမခံရကြောင်းလည်း ဒေသခံများက ဆိုသည်။

ယခုလိုဖြစ်စဉ်များကြောင့် သောင်ရင်းမြစ်ကမ်းနံဘေးရှိ ခိုလှုံနေကြသော စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ မလုံလောက်မှုဒဏ်၊ ကျန်းမာရေးအခက်အခဲနှင့် မိုးရွာသွန်းမှုများကြောင့် နေထိုင်ရေး အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေကြရပြီး ယခုလိုမိုးတွင်းကာလတွင်လည်း ရိက္ခာပြတ်တောက်မှုဒဏ်နှင့် ကျန်းမာရေး ချို့တဲ့မှုများမြှင့် တက်လျက်ရှိကြောင်း စစ်ဘေးရှောင်ပြည်သူများက ဆိုသည်။

လတ်တလောတွင်လည်း မြန်မာနိုင်ငံအတွင်း စစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရန် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစင်တာ (ASEAN AHA Centre) နှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းမှုရုံး (UNOCHA) စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး လိုအပ်သည့် လေ့လာစမ်းစစ်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သို့သော် အဆိုပါ ဆုံးဖြတ်ချက်အပေါ် ပဋိပက္ခတွင်ပါဝင်နေသည့် သက်ဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှု မရှိသည့်အပေါ် ၎င်းတို့အနေဖြင့် လက်မခံနိုင်ကြောင်း NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတချို့က သဘောထားထုတ်ပြန်ခဲ့သလို ရာနှင့်ချီသည့် ပြည်တွင်း၊ ပြည်ပ အရပ်ဖက် အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများစုပေါင်း၍လည်း ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ထားမှုမျိုးရှိသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...