ဒေါက်တာဇော်မြင့်မောင်ကို စွပ်စွဲထားသော ပုဒ်မ ၁၃၀(က)အမှု အစ်မဖြစ်သူ ခံပြသက်သေ ထွက်ဆို

ဒေါက်တာဇော်မြင့်မောင်ကို စွပ်စွဲထားသော ပုဒ်မ ၁၃၀(က)အမှု အစ်မဖြစ်သူ ခံပြသက်သေ ထွက်ဆို

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ရွေးကောက်ပွဲကာလအတွင်း မလျော်သြဇာအသုံးပြုကာ မဲမသမာမှုပြုလုပ်သည်ဟု စွပ်စွဲထားသော ပုဒ်မ ၁၃၀(က)အမှုအတွက်   သူ၏အမဖြစ်သူက ခံပြသက်သေအဖြစ်လာရောက် ထွက်ဆိုခဲ့သည်ဟု အိုးဘိုထောင်တွင်း သတင်းအရင်းအမြစ်က မဇ္စျိမကို ပြောသည်။

ဇွန် ၈ ရက် ရုံးချိန်းအား အိုးဘိုထောင်အတွင်းရှိ အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အမဖြစ်သူ ဒေါ်အေးအေးချစ်က သက်သေလာရောက် ထွက်ဆိုခဲ့သည်။

" ဒီနေ့ရုံးချိန်းမှာ ဒေါက်ဇော်အမ ဒေါ်အေးအေးချစ်က ခံပြသက်သေအဖြစ်နဲ့လာထွက်ဆို သွားတာပါ။ ထွေထွေထူးထူးတော့မရှိပါဘူး။ ဒေါက်ဇော်အမှုအတွက် ချေပထွက်ဆိုတာပါ။ ကျန်းမာရေးကောင်းတယ်။ သူ့အမနဲ့တော့ ပြုံးပြုံးရွှင်ရွှင်စကားပြောတာ တွေ့ပါတယ်။"ဟု သတင်းအရင်းအမြစ်က ရှင်းပြသည်။

ယင်းအမှုအတွက် လာမည့်ရုံးချိန်းတွင် စွပ်စွဲခံရသူဘက်မှ ထွက်ဆိုမည့် နောက်ဆုံးသက်သေနှစ်ဦးသာ ကျန်ရှိတော့သည်။

ယင်း သက်သေနှစ်ဦးကို ဇွန်၁၅ရက်တွင် စစ်ဆေးရန် ချိန်းဆိုထားပြီး၊ စစ်ဆေးပြီးစီးပါက နောက်ရုံးချိန်း တစ်ချိန်းတွင် အပြီးသတ်လျောက်လဲချက်ပေးကာ အမိန့်ချမှတ်ရန်သာ ကျန်ရှိသည်ဟု ဆိုသည်။

ဝန်ကြီးချုပ်အား ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလအတွင်း မေလျာ်သြဇာသုံး၍ မဲမသမာမှု ပြုလုပ်သည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းဒေသကြီး ကော်မရှင်ခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက တရားလိုပြုလုပ်၍ အမရပူရမြို့နယ် တရားရုံးနှင့် အောင်မြေသာစံ မြို့နယ် တရားရုံးတို့တွင် နှစ်မှုခွဲ၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အမရပူရမြို့နယ်တွင် စွဲဆိုထားသော ပုဒ်မ ၁၇၁(စ) အမှုအတွက် ဇွန် ၃ ရက်နေ့တွင် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ပြီဖြစ်သည်။

အသက် ၇၀ အရွယ် သွေးကင်ဆာ ဝေဒနာ ခံစားနေရသော ဝန်ကြီးချုပ်ကို စစ်ကောင်စီက အဂတိအမှု ငါးမှု၊ ရွေးကောက်ပွဲ မဲမသမာမှု နှစ်မှု၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှု၊ စုစုပေါင်း အမှု ကိုးမှု တို့ဖြင့် တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဝန်ကြီးချုပ်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)အမှု အတွက် ထောင်ဒဏ် နှစ်နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုအတွက် ထောင်ဒဏ် နှစ်နှစ်၊ ယခုဇွန် ၃ ရက်တွင် အမိန့်ချမှတ်ခဲ့သော ပုဒ်မ ၁၇၁(စ) အမှုအတွက် ထောင်ဒဏ် တစ်နှစ် စုစုပေါင်း ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရပြီးဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...