မိုင်းနောင်နဲ့မမုန်ကိုင်ကျေးရွာမှာရွှေမျှောအဆမတန်များပြားလာ

မိုင်းနောင်နဲ့မမုန်ကိုင်ကျေးရွာမှာရွှေမျှောအဆမတန်များပြားလာ

အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာနဲ့ မမုန်ကိုင်ကျေးရွာတွေမှာ ရွှေမျှောတွေ အဆမတန်များပြားလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ ၅ ဆလောက်ကိုများလာမယ်နော် ငါတို့လည်း သေချာမသုံးသပ်တတ်လို့ ၊ လာခဲ့ရင်တောင်မှ မျက်စိလည်သွားအုံးမယ်။  ငါတို့ဒီမှာနေတာ တစ်ရက်နဲ့တစ်ရက်ဟာ ၊ ဒီအတိုင်းပစ်ထားတဲ့ ငါတို့အိမ်နောက်ဘေးဟာ အကုန်လုံးတွယ်ကုန်ပြီး ပြန်လှန် ၊ အခုတောင် ယန္တရားတစ်ရာကျော်လောက်ရှိမယ်” လို့ဒေသခံတစ်ဦးကဆိုပါတယ်။

မိုင်းနောင်ကျေးရွာနဲ့ မမုန်ကိုင်ကျေးရွာ အနောက်ဘက်ခြမ်းမှာ ရွှေမျှောတွေကို ၁၉၈၀ ဝန်းကျင်ကအစောပိုင်းကတည်းက တူးဖော်လာခဲ့ကြတာဖြစ်ပြီး ၂၀၁၆ ဝန်းကျင်ကစ ရွှေမျှောတွေ ပြန်လည်လျှော့နည်းလာခဲ့တာလည်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ရွှေမျှောလုပ်ကိုင်မှုက အတားအဆီးမရှိ တဖန်ပြန်မြင့်တက်လာပြီး ယခင်က တူးဖော်ပြီးသားကျင်းဟောင်းနေရာတွေမှာလည်း ပြန်လည်တူးဖော်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

“ ဒါကိုအခွင့်အရေးတစ်ခုလို့ သူတို့ယူဆတယ်။ဘာလို့လဲဆိုတော့ ဒီအချိန်အခါမှာ  ဌာနဆိုင်ရာတွေလည်း ဘာမှမတားနိုင်ဘူးလေ  ။ ဒီအတိုင်းကြည့်နေရတာပါ့အေး” လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပြပါတယ်။

စားဝတ်နေရေးကြပ်တည်းမှုတွေထက် ဒီအချိန်ကို အခွင့်ကောင်းယူပြီး တူးဖော်ကြတာဖြစ်ပြီး အခုလို တူးဖော်ဖို့ အတွက်  စစ်တပ်နဲ့ KIA ကို ငွေကြေးပေးရတယ်လို့ သိရပါတယ်။

 ရွှေမျှော တွေက စွန့်ပစ်တဲ့ မျှောြမှီးစာတွေ ကလည်း မိုင်းနောင်ချောင်းထဲကို စွန်ပစ်နေတာဖြစ်ပါတယ်။ မိုင်းနောင်ချောင်းဟာ အင်းတော်ကြီးကန်ကို တိုက်ရိုက်စီး၀င်နေတဲ့ ချောင်းတစ်ချောင်းဖြစ်ပါတယ်။

နှစ်စဉ်မိုးရာသီမှာ ရေကြီးရေလျှံဖြစ်တတ်တဲ့ မိုင်းနောင်ချောင်းအနီးက နေအိမ်တွေလည်း ယခင်နှစ်တွေထက် ရေနစ်မြှုပ်မှုပိုဖြစ်ပွားလာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အင်းတော်ကြီးဒေသမှ မိုင်နောင်  နဲ့  မမုန်ကိုင် ကျေးရွာနှစ်ခုအပြင် အနောက်ကမ်းက နမ့်မီးလောင် ၊ ညောင်ပင် စတဲ့ကျေးရွာအနောက်ဘက်တွေမှာလည်း ရွှေမှော်တွေနဲ့ စည်ကားနေတယ်လို့ စုံစမ်းသိရပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...