တပ်မဟာ (၁) နယ်မြေအတွင်း တစ်လတာတိုက်ပွဲပေါင်း ၄၁ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီအထိနာခဲ့ KNU ထုတ်ပြန်

တပ်မဟာ (၁) နယ်မြေအတွင်း တစ်လတာတိုက်ပွဲပေါင်း ၄၁ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီအထိနာခဲ့ KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး-KNU၊ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေအတွင်း မေလ တစ်လတာကာလတွင် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်/ကရင်အမျိုးသား ကာကွယ် ရေးတပ်မတော်(KNLA/KNDO)ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပေါင်း ၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တိုက်ပွဲတွင် စစ်ကောင်စီဘက် အထိနာခဲ့ကြောင်း ကေအဲန်ယူဘက်က ယနေ့ထုတ်ပြန်ထားသည်။

မေလ တစ်လတာကာလ နှစ်ဖက်တိုက်ပွဲပေါင်း ၄၁ ကြိမ်တွင် စစ်ကောင်စီဘက်မှ ၇၁ ဦးသေဆုံးပြီး ၅၃ ဦးထိခိုက် ဒဏ်ရာရရှိကာ စစ်ကောင်စီဘက်မှ အသုံးပြုသည့် စစ်ကား ၅ စီး ပျက်စီးသွားကြောင်း နှင့် KNLA ပူးပေါင်း တပ်ဖွဲ့ဘက်တွင်မူ ၁၁ ထိခိုက်ကာ ၂ ဦးကျဆုံးသွားကြောင်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ KNU တပ်မဟာ ၁ နယ်မြေအတွင်းသို့ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ၎င်းပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သားပြည်သူများ၏ နေအိမ် (၁၁)လုံး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား (၂)ဦးသေဆုံးခဲ့ကာ (၃)ဦးဒဏ်ရာရခဲ့သည်ဟု KNU က ဆိုသည်။

အလားတူ ၎င်းတိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ BGF တပ်ဖွဲ့ဝင်များ ဘက်မှ အရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့မှုများရှိခဲ့သလို ဒေသခံအရပ်သား ပြည်သူများ၏ ငွေကြေး ကျပ်သိန်း (၂၁,၃၀၀,၀၀၀)အဓမ္မရယူခဲ့ပြီး အရပ်သား ၂၄ဦးကိုလည်း အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုပြုလုပ်ခြင်းနှင့် ၁၃ ဧက ရှိသည့် ဒေသခံ အရပ်သားများ၏ ရာဘာခြံ ၃ခြံကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားသည်။

ထို့အတူ ဒေသခံ အရပ်သားများ၏ ကျွဲနွား ၈ ကောင် ပစ်သတ်ခံခဲ့ရပြီး စားသောက်ကုန်ပစ္စည်းများကိုပါ ယူဆောင် ဖျက်ဆီးမှုများပြုလုပ်ခဲ့သလို BGF တပ်ဖွဲ့ဝင်များဘက်မှ ရာနှင့်ချီသည့် ဒေသခံ အရပ်သားများကို ကျေးရွာအတွင်း အတင်း အဓမ္မဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ကာ စခန်းအတွင်း ရက်အတန်ကြား ဖမ်းဆီးထိန်းသိမ်းထားကာ လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...