ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သွေးလွန်တုပ်ကွေးအဖြစ်များလာပြီး သေဆုံးသူအထိရှိလာ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သွေးလွန်တုပ်ကွေးအဖြစ်များလာပြီး သေဆုံးသူအထိရှိလာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မေလဆန်းပိုင်းမှစပြီး သွေးလွန်တုပ်ကွေး ကူးစက်မှု ရောဂါများ များပြားလာပြီး သေဆုံးသူအထိ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေး အဖြစ်များလာပြီး ပြီးခဲ့သည့် မေလ ၃၀ ရက် နံနက်ပိုင်းက ထန်းတောရွာနေ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆုံးပါးသွားကြောင်း ထန်းတော ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ကလေးတွေပဲအဖြစ်များကြတာ ဆုံးသွားတဲ့ကလေးကလည်း အသက် ၁၁ နှစ်ပဲရှိသေးတာ မိဘတွေ ပေါ့ဆတာ လည်းပါတာပေါ့။ တစ်ခြားရွာဘက်တွေလည်း ဖြစ်ကြတယ်။ ဒါပေမယ့် မစိုးရိမ်ရဘူး အခုတော့ ကျန်းမာရေး စောင့်ရှောက်ရေးအဖွဲ့ကတော့ ရေကန်မှာ ဆေးလာဖြန်းပေးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကလေးငယ်သေဆုံးမှုဖြစ်သည့် ကျေးရွာတွင် မိုးဦးကျချိန်ကာလမှစ၍ သစ်ပင်ခြုံတောများ ထူထပ်ပြီး မြောင်းရေပုပ်စီးဆင်းမှုများလည်း မရှိသောကြောင့် ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားမှု များလာကာ ဝမ်းပျက်ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိနေသည်ဟု ဒေသခံများကဆိုသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်ပြီး ရောဂါဖြစ်ပွားမှုကို ကာကွယ် လိုက်နာရမည့် စည်းကမ်း ချက်များကို ကျန်းမာရေး တာဝန်ရှိသူများအနေဖြင့် လူမှုစာမျက်နှာများတွင် သတိပေးဖော်ပြထားမှုများရှိပြီး ခြင်ပေါက်ဖွားမှု နှင့် ခြင်ကိုက်ခံရမှု မရှိစေရန် အထူးသတိပေးထားသည်။

၎င်းသတိပေး ဖော်ပြမှုများတွင် နေ့ခင်းကလေးအိပ်ချိန်တွင် ခြင်ထောင်ထောင်အိပ်ရန်၊ ခြင်မပေါက်ဖွား နိုင်အောင် ရေလှောင်ကန်များကို အဖုံးဖုံးအုပ်ရန်၊ ပိုးလောက်လန်းရှိသည့် ရေများကိုသွန်ပစ်၍ ရေဝပ်နိုင်သည့် ခွက်၊ ချိုင့်ခွက်များကို မှောက်ထားခြင်း၊ ဖြည့်ဖို့ခြင်းများ ပြုလုပ်ရန်၊ အိမ်ပတ်ဝန်းကျင်တွင် ခြင်မခိုအောင်းနိုင်ရန် ခြုံများ၊ တာယာကန်များ မိုးရေတင်နိုင်သောရေခွက်အိုးခွက်ဟောင်းများကို စနစ်တကျ စွန့်ပစ်သန့်ရှင်းရန် ဟု ဖော်ပြပါရှိသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...