သေ့ဘောဘိုးစခန်းအား ပြန်သိမ်းမည့် စစ်ဆင်ရေးလုပ်ဆောင်ရန် ဖလူးကြီး ကျေးရွာတွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေ

သေ့ဘောဘိုးစခန်းအား ပြန်သိမ်းမည့် စစ်ဆင်ရေးလုပ်ဆောင်ရန် ဖလူးကြီး ကျေးရွာတွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေ

KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ၆ နယ်မြေ သေ့ဘောဘိုးစခန်းအား စစ်ကောင်စီဘက်မှ မြ၀တီအခြေစိုက် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲ့ များအဖြစ် အသွင်ယူတိုက်ခိုက်သိမ်းပိုက်မည့် စစ်ဆင်ရေး လုပ်ဆောင်ရန် ဖလူးကြီး ကျေးရွာ BGF စခန်းတွင် စုဖွဲ့ကာ စစ်သည် အင်အား၊ လက်နက်ခဲယမ်းအင်အား ဖြည့်တင်းမှုများလုပ်ဆောင်နေကြောင်း ဒေသခံ သတင်းအရင်း အမြစ်များက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်က KNLA /KNDO ပူးပေါင်းတပ်များ စစ်ကောင်စီ သေ့ဘော ဘိုးစခန်းအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လေးကေကော်-သေ့ဘောဘိုး-ဝေါလေ ဒေသအတွင်း စစ်ကောင်စီ စစ်စခန်းများသို့ စစ်သည်၊ ရိက္ခာ၊ လက်နက်ခဲယမ်း ထောက်ပံ့ရေးလမ်းကြောင်းများ ဖြတ်တောက်ခံထား ရသည့် အတွက် စစ်စခန်းများအား KNLA ပူးပေါင်းတပ်များမှ ဆက်လက် တိုက်ခိုက်သိမ်းပိုက် လာနိုင်သည့် အခြေအနေဖြစ်သည်။

ထို့ကြောင့် မြ၀တီအခြေစိုက် BGF တပ်များ ၏ နယ်မြေကျွမ်း ကျင်မှုနှင့် ဦးဆောင် မှုကို ပူးပေါင်း၍ ယခု ရက်ပိုင်းအတွင်း စစ်ကြောင်းထိုး နယ်မြေရှင်းလင်း စခန်းသိမ်းပိုက်မည့် စစ်ဆင်ရေး လုပ်ဆောင် ရန် စစ်အင်အားဖြည့်တင်းလုပ်ဆောင် နေကြောင်း ဒေသတွင်း KNLA သတင်းအရင်းအမြစ်က ပြောသည်။

“သေ့ဘောဘိုး စခန်းသိမ်းပြီး ကတည်းက သူတို့ နယ်ကျော်၀င် စခန်းချထားတဲ့ စစ်ကောင်စီတပ်တွေ စိတ်ဓါတ်ကျနေကြတယ်၊ သူတို့စခန်းတွေ ဘယ်နေ့ လာတိုက်ခံ ရမလည်းပေါ့၊ ကျနော်တို့လည်း ပြန်လည် ပြင်ဆင်နေတယ်၊ ဘယ်နေ့ လာပြန်တိုက်မလည်းပေါ့၊ သတိနဲ့ နေနေကြတယ် အဖွဲ့ တွေ အားလုံးစုစည်းထားတယ်၊ အခုက သူတို့က ကရင်ချင်းပြန်တိုက်ကြတဲ့ ပုံစံမျိုး BGF အဖွဲ့တွေ ပုံစံနဲ့ ဖလူးကြီး ၊လေးကေကော်၊ လက်ခပ်တောင်ဘက်မှာ စစ်အင်အား ဖြည့်နေတယ် ဆိုတာမျိုး သတင်းတွေသိထားရတယ်၊ လာတိုက်ကြတဲ့ အခါကျမှပဲ သိနိုင်မယ်၊ ဖလူးကြီးမှာ ပိုပြီး လူစုနေတယ်လို့ သိရတယ်”ဟု KNLA သတင်းအရင်း အမြစ်က ပြောသည်။

ထို့အပြင် ညဘက်တွင် ကင်းထောက်လေယာဉ်ပျံက လာဝဲသလို နေ့ဘက်တွင် လေးကေကော် အမြှောက်ကုန်းဘက်တွင်လည်း လက်နက်ကြီး ပစ်ထုတ်မှုများ လုပ်ဆောင်နေကြောင်း၊ ယခုတွင် လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးအားကိုးကာ မြေပြင် စစ်ကြောင်းပါ ထိုးစစ်ဆင်ရန် လုပ်ဆောင်နေကြောင်းလည်း ၎င်း KNLA သတင်းအရင်းအမြစ်က ဆက်ပြောသည်။

KNU တပ်မဟာ ၆ ဒေသ ဒူးပလာယာ ခရိုင်အတွင်း လေးကေကော်၊ ဘလယ်ဒို၊ သေ့ဘောဘိုး ၊ဝေါလေ ၊ဥုကရိထ၊ ဒေသဘက်တွင် ဒေသတွင်း KNLA/ KNDO ပူးပေါင်း တပ်ဖွဲ့ များနှင့် စစ်ရေးတင်းမာမှုများဆက်လက်ရှိနေသကဲ့သို့ ကြာအင်းဆိပ်ကြီး၊ ခလယ်တံခွန်တိုင် ကျေးနယ်ဘက်တွင် စစ်ကောင်စီတပ်များနှင့် ယနေ့ မေလ ၃၁ ရက် မနက်ပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု မြေပြင်သတင်းအရ သိရှိရသည်။

၎င်းအပြင် ခလယ်တံခွန်တိုင်ကျေးရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းဘက်မှ ဒေသခံ ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်နေမှုကြောင့် အရပ်သားနေအိမ်များနှင့် အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာ ရှိ သေဆုံးမှုဖြစ်စဉ်များ ဆက်လက် ခံစားနေကြရကြောင်း သိရှိရသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...