ဒေါနအရှေ့ခြမ်း စစ်ဘေးရှောင်စခန်းများတွင် ငှက်ဖျားနှင့် ၀မ်းရောဂါအတွက် ဆေးဝါးများလိုအပ်နေ

ဒေါနအရှေ့ခြမ်း စစ်ဘေးရှောင်စခန်းများတွင် ငှက်ဖျားနှင့် ၀မ်းရောဂါအတွက် ဆေးဝါးများလိုအပ်နေ

ဒေါနတောင်အရှေ့ဘက်ခြမ်းရှိ လေးကေကော်-ဝေါလေ ဒေသအတွင်း စစ်ဘေးရှောင်နေကြရ သည့်အစု အဖွဲ့များတွင် သောက်သုံးရေ မသန့်ရှင်းသည့် အခြေအနေနောက်ဆက်တွဲအဖြစ် ၀မ်းပျက် ရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားခံစားနေကြရသူများအတွက် ဆေးဝါးလုံလောက်မှုမရှိကြောင်း သိရှိရသည်။

“မိုးရွာလိုက်၊ နေပူလိုက် အခြေအနေမှာ တောင်ကျရေမြစ်ရေက သုံးမရ ၊ ရေကြည်ရေသန့်မရတာက တစ် ကြောင်း ၊ မိုးရာသီက သရက်သီး၊ ပိန္နဲသီး၊ တောစာတောသီးတွေ ပေါချိန်၊ စစ်ရှောင်တွေကလည်း တောတိုးပြီး ရှာဖွေခူးယူရတာတွေကိုပဲ အားထားစားသောက်ကြရတာဆိုတော့ ယင်ပေါ၊ ခြင်ပေါပါပဲ၊ ကလေးတွေ ၀မ်းပျက်၊ သွေးလွန်တုပ်ကွေးစဖြစ်တာရှိလာပြီ၊ ဆေးဝါးနဲ့ကျန်းမာရေး အထောက်အကူကတော့ လေးကေကော်သူကြီး စစ်ရှောင်စခန်းမှာပဲရှိတယ်၊ ကျန်တဲ့နေရာတွေမှာ မရှိဘူး၊ သွားရေးလာရေးက ခက်ခဲတော့ နီးစပ်ရာဆေးမြီး တိုနဲ့ပဲနေကြရတယ်”ဟု စစ်ဘေးရှောင် အစုအဖွဲ့များတွင် ကျန်းမာရေး စောင့်ရှောက်ပေးနေသူတစ်ဦးက ပြောသည်။

ထို့အပြင် ရောဂါများသက်သာ ပျောက်ကင်းရန်အတွက် မပြည့်စုံသည့်ဆေးဝါးများဖြင့်သာ ကျန်းမာရေး စောင့် ရှောက်မှုပေး နေရသည့် အခြေအနေတွင်ရှိနေ၍ ဆေးဝါးအကူအညီများ လိုအပ်နေကြောင်းလည်း ၎င်း စစ်ဘေး ရှောင် အစုအဖွဲ့များတွင် ကျန်းမာရေးစောင့်ရှောင်ပေးသူက ဖြည့်စွက်ပြောဆိုသည်။

မိုးရာသီအတွင်း နေရပ်ပြန်နေထိုင်ရန် အဆင်မပြေသေးသည့်အခြေအနေတွင် စစ်ဘေးရှောင်မိသားစုများထဲမှ သေ့ဘောဘိုး ၊ မင်းလက်ပံ၊ ရသေ့ဂူ၊ ကျောက်ခက် ကျေးရွာများဘက်တွင် နေထိုင်နေကြသည့် စစ်ဘေးရှောင် မိသားစု ၁,၀၀၀ ၀န်းကျင်မှ လူဦးရေ ၃,၀၀၀ ခန့်မှာ ကိုယ်ထူကိုယ်ထ မိသားစုနေအိမ်များအတွက် အမိုးအကာ နေရာထိုင်ခင်း လုံလောက်မှုမရှိသေးကြောင်းလည်း စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။

၎င်းအပြင် ရိက္ခာထောက်ပံ့ရေး အကူအညီများအား ထိုင်းနိုင်ငံနယ်စပ် ကရင်လူမှုအဖွဲ့အစည်းများ၊ မဲဆောက်မြို့ ရှိ အလှူရှင်များ လာရောက်ပေးဝေသည့် စားသောက်စရာကိုသာ အားထားနေကြရသည့်အတွက် မိုးကြီး ၊ ရေကြီး လာချိန် ရိက္ခာပြတ်တောက်၍ ဆေးဝါးလုံလောက်မှုမရှိသည့် အခြေအအနေများ ပိုမိုခက်ခဲလာမည်ကို စိုးရိမ် နေကြကြောင်းလည်း စစ်ဘေးရှောင် မိသားစုများ ပြောသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...