ဝင်းရေးမြို့နယ်တွင်း ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသည့် ဌာနေလူထုများကို ပထမအကြိမ်အဖြစ် KNU ထိုးနှံပေး

ဝင်းရေးမြို့နယ်တွင်း ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသည့် ဌာနေလူထုများကို ပထမအကြိမ်အဖြစ် KNU ထိုးနှံပေး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် ကျေးရွာများတွင် ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသော ဌာနေလူထုများကို ပထမအကြိမ်အဖြစ် ဆေးထိုးနှံပေးနေပြီးဟု မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူများထံမှ သိရသည်။

ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသူများအား မြို့နယ်ကရင်ကျန်းမာရေးဌာနမှ ပြီးခဲ့သည့် မေလ ၉ ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာတွင် ကျေးရွာအသီးသီးမှ ဌာနေပြည်သူ ၁,ဝဝဝ ကျော် ဆေးထိုးနှံပေးခဲ့ပြီးဟု KNU ဝင်းရေးမြို့နယ် ကျန်းမာရေးဌာန တာဝန်ခံ ဆရာစောသာကပေါ်က ပြောသည်။

“ဆေးထိုးပြီးကြောင်း အသိမှတ်ပြုလက်မှတ်လည်း ထုတ်ပေးတယ်။ အဲ့ဒါမှ သူတို့သွားလာရ အဆင်ပြေသွားမယ်။ မြို့နယ်တစ်ခုလုံးမှာရှိတဲ့ လူထုတွေအားလုံး ကိုဗစ်ကာကွယ်ဆေး မထိုးရသေးရင် လာရောက်ထိုးနှံကြဖို့ ပြော ချင်တယ်။ ကာကွယ်ဆေးထိုးမှ ရောဂါအတွက် ကာကွယ်ပြီးသားဖြစ်မယ်ပေါ့နော်။” ဟု ကေအိုင်စီသို့ ပြောသည်။

KNU ဝင်းရေးမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှစ၍ ကျေးရွာအသီးသီးတွင် ကိုဗစ်ရောဂါကူး စက်မှုဖြစ်ပွားခဲ့ပြီး ရောဂါကြောင့် လူ ၂ဝ ကျော် သေဆုံးခဲ့ရပြီး ယခုနှစ်၊ ဖေဖေါ်ဝါရီလမှ စတင်ကူးစက်မှုတွေ့ရှိရ သည့် ကိုဗစ်ရောဂါမျိုးကွဲ အိုမီခရွန်ကူးစက်ဖြစ်ပွားမှုကို ကာကွယ်သည့်အနေဖြင့် ယခုလို ကာကွယ်ဆေးထိုးနှံ ပေးရခြင်းဖြစ်သည်ဟုလည်း ဝင်းရေးမြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူများက ပြောသည်။

“ ရွာမှာက ကိုဗစ်ကာကွယ်ဆေး တစ်ခါမှ မထိုးရသေးဘူး။ ဒီရောဂါက ကြောက်လည်းကြောက်တယ်။ ဘယ်မှာ လိုက်ထိုးရလဲဆိုတာ မသိခဲ့ဘူး။ အခု KNU က ကာကွယ်ဆေးထိုးပေးတော့ အဆင်ပြေတာပေါ့နော်။ မြို့တွေ မှာလည်း သွားလာရခက်ခဲတော့ သွားထိုးလို့ အဆင်မပြေဘူး။ အခုမှ ပထမအကြိမ်အနေနဲ့ တစ်ရွာလုံးနီးပါး ဆေးလာထိုးကြတယ်လေ” ဟု ဝင်းရေးမြို့နယ် တောင်ကလေးကျေးရွာနေ နော်ခူးခူးက ပြောသည်။

ဝင်းရေးမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီမှ ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးနှံပေးမှုရှိခဲ့သော်လည်း ဌာနေလူထုများက ၎င်းတို့အပေါ် ယုံကြည်မှုမရှိသည့်အတွက် အများစုမှာ ကာကွယ်ဆေး ထိုးနှံမှု မပြုလုပ်ခဲ့ပေ။

ဝင်းရေးမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူများအနေဖြင့် လာရောက်ထိုးနှံကြရန် ကျေးရွာ အသီးသီးတွင် KNU ကျန်းမာရေးဌာန အသိပေးထားပြီး ယခု ပထမကြိမ်အနေဖြင့် ဒေသခံပြည်သူ ၁,၃၅ဝ ဦး ကျော်ကို ကာကွယ်ဆေးထိုးနှံပေးခဲ့သည်ဟု ကျန်းမာရေးဌာန တာဝန်ရှိသူများက ပြောသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...