သံလွင်တံတားအနောက်ဘက်ခြမ်းရှိ ရွာသားများ ပေါ်တာအဖမ်းခံရမည်ကို စိုးရိမ်နေကြရ

သံလွင်တံတားအနောက်ဘက်ခြမ်းရှိ ရွာသားများ ပေါ်တာအဖမ်းခံရမည်ကို စိုးရိမ်နေကြရ

စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ ဖားအံမြို့ သံလွင်တံတား အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် နေ့စဉ်လိုလို ပေါ်တာဆွဲခြင်းများဖြစ်ပေါ်သည့်အတွက် ရွာသားများမှာ ပေါ်တာဆွဲခြင်းခံရမည်ကို စိုးရိမ်နေကြရသည်ဟု သိရှိရသည်။

ဖားအံမြို့ သံလွင်တံတား အနောက်ဘက်ခြမ်းရှိ ကျေးရွာများဖြစ်သော ပေပင်ဆိပ်၊ ဝဲပျံ၊ ဂျို့ပင်ဆိပ်၊ မြိုင်၊ ကုန်းတန်းကြီး၊ မီးဘုန်း၊ တန်ကောင်ဘိုးနှင့်အနီးအနားရှိ ကျေးရွာများဘက်တွင် ယခုလ မေလ(၁)ရက်မှစ၍ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင်များက ဝင်ရောက်ပေါ်တာဆွဲမှုများ လုပ်ဆောင်သည့်အတွက် ရွာသူရွာသားမှာ ရွာပြင်မထွက်ရဲတော့သည့် အခြေအနေထိဖြစ်လာသည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ”ဘယ်အချိန်ပစ်ကြမလဲ၊ ဘယ်အချိန်ပေါ် တာဆွဲမလဲ အဲ့တာပဲ ကြောက်နေကြတယ်။ သူငယ်ချင်းတချို့ လည်းပေါ်တာဖမ်းတဲ့အထဲပါသွားတယ်၊ တလလောက်ရှိပြီး ခုထိပြန်မလာသေးဘူး။ ”ဟု ဒေသခံတစ်ဦးက ပြောသည်။

မေလဆန်းပိုင်းမှစ၍ ယခုအချိန်ထိ သံလွင်အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ပေါ်တာဆွဲခံရသူဦးရေ ၁၀၀ ကျော်အထိရှိပြီး ငွေကြေးတတ်နိုင်သူအချို့မှာ ငွေကြေးဖြင့်အရွေးခံ၍ ပြန်လည်လွတ်မြောက်လာသော်လည်း ငွေကြေးမတတ်နိုင်သူအများစုမှာ အဖမ်းဆီးခံရပြီး ယခုအချိန် ပြန်လည်လွတ်မြောက် လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ထိုဒေသရှိ ဒေသခံရွာသူရွာသားများသည် ယခင်က မိုးတွင်းကာလတွင် ညဘက်အချိန် ဖားရှာငါးရှာရင်းဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေကြပြီး ယခုလို စစ်ဖြစ်ပွားခြင်းနှင့်ပေါ်တာဆွဲခြင်းများဖြစ်ပေါ်ခဲ့ခြင်းဖြစ်စဉ်ကြောင့် အပြင်မထွက်ရဲကြဘဲ စားရေးသောက်ရေးအတွက် အခက်အခဲကြုံလာသည်ဟုလည်း ရွာသားများက ပြောဆိုကြသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့တုန်းကလည်း ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ စစ်ကောင်စီတပ်နှင့် နယ်ခြား စောင့်တပ်-BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့သည် အသက်မပြည့်သေးသည့် ကလေးသူငယ် (၄)ဦးအပါအဝင် အရပ် သားပြည်သူ (၉၂)ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...