အင်းတော်ကြီးဒေသ နန့်မော်ကန်ရွာ မီတာကြေးမဆောင်လို့တစ်ရွာလုံး (၃) ရက်တာမီးဖြတ်ထားခံရ

အင်းတော်ကြီးဒေသ နန့်မော်ကန်ရွာ မီတာကြေးမဆောင်လို့တစ်ရွာလုံး (၃) ရက်တာမီးဖြတ်ထားခံရ

အင်းတော်ကြီးဒေသ နန့်မော်ကန်ရွာတစ်ရွာလုံးကို မီတာကြေးမဆောင်လို့ဆိုပြီး မီးဖြတ်ထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

မေလ ၁၄ ရက်နေ့ကတည်း အင်းတော်ကြီးလျှပ်စစ်ရုံးက ရွာရဲ့ ထရန်စဖော်မာကနေ တစ်ရွာလုံးကို မီးလာဖြတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

“ ဘာကြောင့်လာဖျက်သွားတာလဲဆိုရင် မီတာကြေးမဆောင်လို့ဆိုပြီး ၂၀၂၁-  

၄ လပိုင်းတစ်လစာပဲဆောင်တယ်ဆိုပြီးတော့မှ  မီတာကြေးလာကောက်တဲ့သူကပြောတာလေ ၂၀၂၁ - ၄ လပိုင်းစာ မဆောင်ရင် မီးဖျက်မယ်ပေါ့လေ  အဲ့လိုပြောတာ ၊ရွာကတော်တော်များများကြတော့ ဆောင်ကြပါတယ်။ တချို့ကျတော့ နိုင်ငံရေးအရ မဆောင်ကြတာ တချို့ကျတော့ငွေရေးကြေးရေးအဆင်မပြေကြလို့မဆောင်ကြတာပေါ့ ၊ အခုသူတို့မီတာဖျက်သွားတာက နောက်ထပ် အိမ်ခြေငါးဆယ်လာဆောင်ပေးရမယ်ပေါ့ ၊  အဲ့လိုမလာဆောင်ရင်မီးမလင်းပေးဘူးပေါ့ နောက်ထပ်ငါးဆယ်လောက် ဒီနေ့လာဆောင်ရင် ဒီနေ့လင်းပေးမယ်လို့ပြောတယ်။ “ လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

နန့်မော်ကန်ရွာမှာ နောက်ထပ်အိမ်ခြေ ၅၀ လောက် ၂၀၂၁ ခုနှစ် ဧပြီလစာအတွက် မီတာကြေးလာဆောင်မယ်ဆိုရင် မီးပြန်ဖွင့်ပေးမယ်လို့လည်း ပြောဆိုသွားခဲ့တယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာ ကျေးရွာသား/သူတွေက အလင်းရောင်အတွက် မီးစက်တွေကိုအသုံးပြုရပြီး ချက်ပြုတ်ရေးတွေအတွက် ထင်းကိုအဓိကပြန်သုံးနေရပါတယ်။

နန့်မော်ကန်ကျေးရွာမတိုင်ခင်က ဆနွင်းကုန်း အင်းသာကျေးရွာကိုလည်း မီတာကြေးမဆောင်တာကြောင့် မီးဖျက်မှုတွေပြုလုပ်ခဲ့ပြီး တစ်ပတ်ကျော်ကြာမှ မီးပြန်လည်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

အင်းတော်ကြီး နမ့်မွန်းမြို့က လျှပ်စစ်ရုံးကိုလည်း မေလ ပထမအပတ်က အသံမိုင်းနဲ့ ပစ်ခံခဲ့ရတာလည်းရှိခဲ့ပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...