ရောင်းဟီးကျေးရွာသား၄၀ကိုစစ်တပ်နဲ့ပျူစောထီးတွေဖမ်းဆီးထာ

ရောင်းဟီးကျေးရွာသား၄၀ကိုစစ်တပ်နဲ့ပျူစောထီးတွေဖမ်းဆီးထာ

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ရောင်းဟီးကျေးရွာသား ၄၀ ကို စစ်တပ်နဲ့ ပျူစောထီးတွေက မေလ ၉ ရက်နေ့ကတည်းကဖမ်းဆီးထားတာ ဒီနေ့ဆို (၃ ) ရက်ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

“ရောင်းဟီးမှာ စပါးလေးထောင်ကျော် မီးရှို့ခံရတယ်။ နေအိမ်ခြေ ၂၁ အိမ်မီးရှို့တယ် အဲ့မှာသူတို့ခေါ်သွားတာ လူပေါင်းလေးဆယ်ကျော်လို့ကြားတယ်။ ဒီနေ့ဆိုနှစ်ရက်ရှိပြီ ။ သူတို့သင်ကြီးရွယ်အိုတွေ ၊ ကလေးတွေ၊  အရွယ်ကောင်းကလေးတွေပါတာပေါ့၊ ကလေးတွေ လေးငါးဆယ်ယောက်ပါတယ်။ ၆ လောက်ကပြန်လွတ်ပြီးပြီလို့ကြားတယ်လို့  “  ရောင်းဟီးကျေးရွာနဲ့ အနီးဆုံးကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

သူတို့တွေကို ရောင်းဟီးကျေးရွာအနီးက ရွှေညောင်ပင် ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားတာဖြစ်ပြီး ဖမ်းဆီးရတဲ့အကြောင်းအရင်းက PDF တွေကို ထောက်ပံ့ပေးတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ သာမာန်အရပ်သားပြည်သူတွေနဲ့ ကလေးငယ် (၁၀) ဦးတွေပါဝင်ပြီး ကလေး (၆) ယောက်ပြန်လွတ်လာတယ်လို့လည်း သိရပါတယ်။

ရောင်းဟီးပတ်ဝန်းကျင်အနီးဖြစ်တဲ့ ရွှေညောင်ပင် ၊ ပုဂံတောင် ၊ ချောင်းဂွ စတဲ့ ကျေးရွာတွေမှာ ပျူစောထီးအဖွဲ့တွေဖွဲ့ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။

ရောင်းဟီးရွာက နေအိမ် ၂၁ အိမ်ကိုလည်း PDF ထောက်ခံတယ််ဆိုပြီးတော့ မီးရှို့သွားခဲ့ပါတယ်။ မီးရှို့မှုကြောင့် စပါး တင်းလေးထောင်ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေးတင်းမာမှုနဲ့ အစစ်အဆေးတင်းကြပ်ထားမှုတွေကြောင့် ရောင်းဟီး ၊ ပုဂံတောင် ၊ ချောင်းဂွ စတဲ့ကျေးရွာတွေကို သွားလာလို့မလွယ်ကူကြောင်းနဲ့ သတင်းအချက်အလက်တွေလည်း နောက်ကျမှုတွေရှိနေတယ်လို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...