စစ်အာဏာရှင်တွေဖျက်ဆီးခဲ့တဲ့ဟော်နန်းကိုစစ်ကောင်စီပြန်လည်တည်ဆောက်မှုကရှမ်းပြည်ကသယံဇာတထုတ်ယူနိုင်ခြင်းအတွက်သာဖြစ်

စစ်အာဏာရှင်တွေဖျက်ဆီးခဲ့တဲ့ဟော်နန်းကိုစစ်ကောင်စီပြန်လည်တည်ဆောက်မှုကရှမ်းပြည်ကသယံဇာတထုတ်ယူနိုင်ခြင်းအတွက်သာဖြစ်

စစ်အာဏာရှင်တွေ ဖျက်ဆီးခံခဲ့တဲ့  ရှမ်းပြည်က ဟော်နန်းတွေကို စစ်ကောင်စီပြန်လည်တည်ဆောက်နေမှုက ရှမ်းပြည်က သယံဇာတထုတ်ယူနိုင်ရေးအတွက် ဟန်ပြဆောက်လုပ်နေခြင်းသာဖြစ်တယ်လို့ Tai Student Union က ပြောဆိုပါတယ်။

“ အဓိကကတော့ကိုယ့်သျှမ်းလူထုကို သိစေချင်လို့ တချို့သျှမ်းတွေကဟော်လာဆောက်ပေးတော့အရမ်းဝမ်းသာတယ် ဒါပေမဲ့အဲ့ဟော်ဆောက်ပေးတာကိုဘန်းပြပြီးကျမတို့သျှမ်းပြည်ကသယံဇာတတွေကိုယူသွားနေတယ် ။ အဲ့ဒါကိုသတိပြုစေချင်လို့ ။ နောက်တခုကတော့ စကစကသူတို့ဆောက်နေတဲ့ဟော်နန်းတွေကိုလူထုလက်ခံတယ်လို့ပြောတယ်တကယ်တမ်းသျှမ်းပြည်သူလူထုကလက်မခံဘူးဆိုတာပါသိစေချင်လို့ပါ”လို့ TSU ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောပါတယ်။

ဒီဟောနန်းဆောက်လုပ်နေတဲ့အချိန်မှာပဲ ရှမ်းပြည်တွင်းက သယံဇာတ တူးဖော်ဖို့အတွက် လုပ်ကွက် ၃၀၀ ကို စစ်ကောင်စီဘက်က ခွင့်ပြုပေးလိုက်ပြီဖြစ်တယ်လို့ဆိုပါတယ်။

တူးဖော်ခွင့်လုပ်ကွက်တွေထဲမှာ ရွှေ၊ ကျောက်မီးသွေး ၊ ဂေါ်ဒန် ၊ ခနောက်စိမ်း စတာတွေပါဝင်တယ်လို့ သိရပါတယ်။

ရှမ်းပြည်အရှေ့ပိုင်းက ကျိုင်းတုံစော်ဘွားရဲ့ ဟော်နန်းကို ၁၉၉၁ ခုနှစ်  နိုဝင်ဘာလ (၉) ရက်နေ့မှာ စစ်အစိုးရက ဟောင်းနွမ်းနေတဲ့ အကြောင်းပြချက်နဲ့ ဖြိုဖျက်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီဟော်နန်းကို စစ်ကောင်စီက ဖေဖော်ဝါရီလမှာ ပုံစံတူဟော်နန်းတည်ဆောက်ရေးအတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကျိုင်းတုံမြို့ကိုသွားရောက်ခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက သိန်းနီဟော်နန်းကိုလည်း စစ်ကောင်စီဥက္ကဌက ၂၀၁၉ ခုနှစ်ကတည်း ပြန်လှည်တည်ဆောက်ထားပြီး လက်ရှိအချိန်မှာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီလို့လည်း သိရပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...