ဟုမ္မလင်းမြို့နယ်ထုံမာတဲကျေးရွာအနီးချင်းတွင်းမြစ်ထဲရွှေမျှောတူးဖော်မှုကိုဒေသခံတွေကန့်ကွက်

ဟုမ္မလင်းမြို့နယ်ထုံမာတဲကျေးရွာအနီးချင်းတွင်းမြစ်ထဲရွှေမျှောတူးဖော်မှုကိုဒေသခံတွေကန့်ကွက်

ဟုမ္မလင်းမြို့နယ် ထုံမာတဲကျေးရွာအနီးရှိ ချင်းတွင်းမြစ်ထဲမှာ ရွှေမျှောတူးဖော်မှုကို ဒေသခံတွေက ကန့်ကွက်နေကြတယ်လို့ဆိုပါတယ်။

“ အခုဆိုရင်ကျွန်တော်တို့တွေ ၁၂ ရာသီလောက်စိုက်ပျိုးလုပ်ကိုင်စားသောက်နေတာဗျ။ အဲ့မှာမျှောတိုက်လိုက်လို့ရင် ကမ်းပါးပြိုပြီးတော့မှ သဲဖို့သွားရင် ကျွန်တော်တို့တောင်သူလယ်သမားတွေက အခက်အခဲဖြစ်ကုန်မှာစိုးလို့ တောင်သူလယ်သမားတွေရဲ့ ကန့်ကွက်လွှာနဲ့တကွ တင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျာ” ဒီကန့်ကွက်မှုနဲ့ ပတ်သက်ပြီး ဦးဆောင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။  

လက်ရှိအချိန်မှာ မျှောတွေက လေးဖောင်လောက် စမ်းသပ်တူးဖော်မှုတွေကို မေလ (၆) ရက်ကစတင် ပြုလုပ်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒီမျှောလုပ်ငန်းအတွက် ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးဌာန နဲ့  သက်ဆိုင်ရာတွေက ချထားပေးတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ရွှေမျှောတွေကြောင့် အနီးနားက လယ်ဧက နှစ်ရာဝန်းကျင်ထိခိုက်ပျက်စီးမှာဖြစ်ပြီးတော့ ရေရှည်ဆိုရင် ထောင်နဲ့ချီပျက်စီးနိုင်တဲ့အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။

ရွှေမျှောလုပ်ကိုင်နေတဲ့နေရာကလည်း ကမ်းပါးပြိုမှုကြောင့် နှစ်စဉ်ကမ်းထိန်းနံရံတွေပြုလုပ်ရတဲ့နေရာနဲ့ ပေတစ်ရာအကွာမှာသာရှိတယ်လို့လည်း ပြောပါတယ်။

“ တင်ပြီးတဲ့နောက်ပိုင်းက ဘာမှထူးခြားမှုမရှိဘူး ၊ မျှောတန်းလို့ တိုက်နေတော့တာဗျာ့ ။ ကျွန်တော်တို့လည်း ဒီအတိုင်းကြည့်နေတော့တာ ။ ဘာမှလုပ်လို့မရတဲ့အဆင့်လိုဖြစ်နေတော့ ကျွန်တော်တို့လည်းဘာမှမတတ်နိုင်။ တတ်နိုင်တဲ့အဆင့်ထိတော့လုပ်ပေးတာပေါ့။ ကျွန်တော်တို့အခြေခံတောင်သူတွေကတော့ ရွှေမျှောလာမတိုက်ခိုင်းစေချင်ဘူးဆိုတဲ့ ဆန္ဒရှိကြတယ်” ဒေသခံတစ်ဦးကပြောပါတယ်။

ဒေသခံတွေက  ရွှေမျှောမတိုက်ဖို့အတွက် လက်မှတ်ရေးထိုးကန့်ကွက်စာကို ဧပြီလမှာတစ်ကြိမ် မေလမှာတစ်ကြိမ် မြို့နယ်စစ်ကောင်စီကိုတင်ပြခဲ့တယ်လို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...