အင်းတော်ကြီးဒေသမပြင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးတွေနှုတ်ထွက်ဖို့သတိပေးစာ ကပ်ခံရ

အင်းတော်ကြီးဒေသမပြင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးတွေနှုတ်ထွက်ဖို့သတိပေးစာ ကပ်ခံရ

အင်းတော်ကြီးဒေသ မပြင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ဖို့နဲ့ သေနတ်သံတွေ ကြားရင် အပြင်မထွက်ကြဖို့ သတိပေးစာတစ်ခု မနေ့က မေလ (၈) ရက်နေ့မှာ လာကပ်သွားတယ်လို့ ဒေသခံတွဆီကနေသိရပါတယ်။

စစ်ကောင်စီခံတဲ့ အုပ်ချုပ်ရေးမှူးတွေ CDM မပြုလုပ်ရင် သုတ်သင်မယ်ဆိုတဲ့ ရာဇသံပေးစာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။

“ CDM  မပြုလုပ်တဲ့အုပ်ချုပ်ရေးမှူးတွေကိုသုတ်သင်ရှင်းလင်းသွားမယ်ဘာညာဆိုပြီးမှာဒါကတော့ပေါ့ပေါ့နဲ့တော့တွေးလို့မရဘူး။လူကြီးကလည်းတစ်ဖက်ကသူတို့ထွက်မယ်ဆိုလို့ရင်တစ်ဖက်ကညိုငြင်ပြန်မထွက်ပြန်တော့လည်းအဲ့သလိုဆိုတော့ကျွန်တော်တို့ဒီကြားထဲကလူကဘယ်လိုလုပ်ရမယ်ဆိုတာကိုယ်ချင်းစာရင်တော့ပိုကောင်းဒါပေါ့ကွာဒီလိုမစဉ်းစားပဲလုပ်မယ်ဆိုရင်ဒါကတော်တော်မကောင်းတဲ့ထဲမှာပါတာဖြစ်နေပြီ “ လို့ဒေသခံတစ်ဦးကပြောပါတယ်။

ဒီစာကို  PDF  တွေက မပြင်အုပ်ချုပ်ရေးမှူးရုံးနဲ့ တခြားထင်သာမြင်သာရှိတဲ့နေရာတွေမှာ  လာကပ်သွားတာဖြစ်တယ်လို့ဆိုပါတယ်။

ဒီီလို့သတိပေးစာက မပြင်ကျေးရွာတစ်ခုတည်းမှာကပ်ထားတာဖြစ်ပြီး ကျန်တဲ့ကျေးရွာတွေမှာ မတွေ့ရသေးဘူးလို့လည်း ပြောဆိုကြပါတယ်

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...