ဧပြီလ တစ်လတည်း စစ်ကိုင်းဒေသထဲက နေအိမ် နှစ်ထောင့်ငါးရာကျော်မီးရှို့ခံရ

ဧပြီလ တစ်လတည်း စစ်ကိုင်းဒေသထဲက နေအိမ် နှစ်ထောင့်ငါးရာကျော်မီးရှို့ခံရ

ပြီးခဲ့တဲ့ ဧပြီလ တစ်လတည်းမှာပဲ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ နေအိမ်နှစ်ထောင့်ငါးရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ နေအိမ်မီးရှို့ခံရမှုတွေနဲ့ ဆက်စပ်တဲ့ထိခိုက်ဆုံးရှုံးမှုတွေကိုလေ့လာမှတ်တမ်းတင်နေတဲ့ Data for Myanmar  အဖွဲ့က မေလ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကိုင်းတိုင်းထဲမှာ နေအိမ်မီးရှို့ခံမှုက အများဆုံးလည်းဖြစ်ပါတယ်။

အဲ့ထဲမှာမှ ခင်ဦးမြို့နယ်က နေအိမ် ၅၂၉ လုံးမီးလောင်ကျွမ်းခဲ့ပြီး အများဆုံးမီးရှို့ခံရတဲ့မြို့လည်းဖြစ်ပါတယ်။

ဒုတိယအများဆုံးနေအိမ်မီးရှို့ခံရမှုက မကွေးတိုင်းဖြစ်ပြီး နေအိမ်ပေါင်း ၉၅၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။

အဲဒီထဲမှာ ပေါက်မြို့နယ်ထဲကကျေးရွာတွေမှာနေအိမ် ၇၄၈ လုံး နဲ့အများဆုံးမီးရှို့ခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတစ်လထဲမှာပဲ  နိုင်ငံတဝန်းက နေအိမ်ပေါင်း ၃၅၁၄ လုံးကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း မှတ်တမ်းတင်ထားပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကစလို့ ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ တစ်နှစ်နဲ့သုံးလအတွင်း နိုင်ငံတဝန်းမီးရှို့ဖျက်ဆီးခံခဲ့ရ တဲ့ အိမ်အရေအတွက်ဟာ တစ်သောင်းတစ်ထောင့်လေးရာကျော် ရှိခဲ့ပြီလို့ Data for Myanmar ရဲ့ စာရင်းတွေမှာတွေ့ရပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...