ဝန်းသိုမြို့နယ်ထဲမှာကျေးရွာ (၇) ရွာမှာနေအိမ်တစ်ရာ့လေးဆယ်ကျော်ကိုစစ်ကောင်စီတပ်တွေမီးရှို့ခဲ့

ဝန်းသိုမြို့နယ်ထဲမှာကျေးရွာ (၇) ရွာမှာနေအိမ်တစ်ရာ့လေးဆယ်ကျော်ကိုစစ်ကောင်စီတပ်တွေမီးရှို့ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်က ကျေးရွာ (၇) ရွာမှာ နေအိမ် တစ်ရာ့လေးဆယ်ကျော်ကို ဧပြီလထဲမှာ စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေပြုစုထားတဲ့အချက်အလက်အရ သိရပါတယ်။

ရှမ်းစုရွာ ၁၁ အိမ်၊ စိန်လည် ရွာ ၄၅ လုံး၊ သပြေသာရွာ ၃၁ လုံး၊ အောင်ကုန်း ၂၆ လုံး ဥသျှစ်ခုံရွာ တွင် သီလရှင်ကျောင်း တစ်ကျောင်းနှင့် နေအိမ် ၃၃ လုံး၊ ကျောက်ပါက်ခုံကျေးရွာ၌ လက်နက်ကြီးကျ၍ နေအိမ် ၁ လုံး နှင့် ဖန်းခါးခုံရွာတွင် နေအိမ် ၁ လုံး စုစုပေါင်း ၁၄၈ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စပါးတင်းပေါင်း ၉၁၁၂၀ တင်း မီးလောင်မှုကြောင့်ပါသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် မီးရှို့ခံရမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

ဒေသခံကာကွယ်ရေးတပ် နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသူတွေ တစ်သောင်းကျော်ရှိနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနောက်ပိုင်း စစ်ဘေးတိမ်းရှောင်နေရသူ ၆ သိန်းနီးပါးရှိလာခဲ့ပြီး နေအိမ်ပေါင်း ၉ထောင်ကျော်လည်း မီးရှို့ဖျက်စီးခံခဲ့ရကြောင်း Data for Myanmar ကပြုစုထားတဲ့ စာရင်းတွေအရသိရပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...