အင်းတော်ကြီးချောင်းဝကျေးရွာအဝင် ပြည်သူ့စစ်စခန်းတိုက်ခိုက်ခံရပြီးမီးရှို့ခံရ

အင်းတော်ကြီးချောင်းဝကျေးရွာအဝင် ပြည်သူ့စစ်စခန်းတိုက်ခိုက်ခံရပြီးမီးရှို့ခံရ

အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာအဝင်က ပြည်သူ့စစ်စခန်းကို ကေအိုင်အေက ဒီနေ့မနက် (၄) နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

“ ပြည်သူ့စစ်စခန်းက လူတွေတော့မရှိတော့ဘူး ကြိုတင်သတင်းရထားတော့ လူတွေကမရှိတော့ဘူး။ ကေအိုင်အေက မနက်မှာလာတိုက်တာ” လို့ဒေသခံတစ်ဦးက ပြောပြပါတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ စခန်းမှာ လူမရှိတာကြောင့် စခန်းကို မီးရှို့သွားတယ်လို့ သိရပါတယ်။

ပြည်သူ့စစ်စခန်းတိုက်ခိုက်ခံရမယ့် သတင်းကြိုတင်သိထားတာကြောင့် ပြည်သူ့စစ်တွေက မနေ့ကတည်းက မရှိတော့ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...