ဗန်းမောက်မြို့အဝင်တိုက်ပွဲမှာ ရဲအုပ်(၂) ဦး၊ ဒု-တပ်ကြပ်မီးသတ် (၁) ဦးသေဆုံးပြီး ဓာတ်ဆီဆိုင် (၄) ဆိုင်မီးလောင်ပြာကျ

ဗန်းမောက်မြို့အဝင်တိုက်ပွဲမှာ ရဲအုပ်(၂) ဦး၊ ဒု-တပ်ကြပ်မီးသတ် (၁) ဦးသေဆုံးပြီး ဓာတ်ဆီဆိုင် (၄) ဆိုင်မီးလောင်ပြာကျ

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့အဝင် ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့ ဂိတ်အနီးမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးတပ် (အင်းတော်) ကလာရောက်ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

ဧပြီလ ၂၆ ရက်နေ့ နေ့လည် ၃ နာရီဝန်းကျင်မှာ စတင်ဖြစ်ပွားခဲ့ပြီး နာရီဝက်ကျော်ကြာတဲ့   ဒီတိုက်ပွဲမှာ ရဲတပ်ဖွဲ့ဝင် (၂) ဦး ၊ မီးသတ် (၁) ဦးသေဆုံးခဲ့သလို အနီးနားက ဓာတ်ဆီဆိုင်(၄) ဆိုင်လည်း မီးလောင်ပြာကျခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် (၂) ဦးမှာ တစ်ဦးက နယ်ထိန်း ဒုရဲအုပ် ဖြစ်ပြီး တစ်ဦးက ဒုတပ်ကြပ်ဖြစ်တယ်လို့ဆိုပါတယ် ။ မီးသတ်က ဒုတပ်ကြပ်ကြီးတာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ဆိုပါတယ်။

“ သုံးယောက်သေတယ်။ ရဲက နှစ်ယောက်သေတယ်။ မီးသတ်က တစ်ယောက်သေတယ်။  ဆီဆိုင်တွေက အားလုံးပေါင်းလေးဆိုင်လောင်သွားတယ်ဟေ့ ၊ အောင်သာကုန်းစာသင်ကျောင်းကနေလည်းပစ်တယ်၊ အနောက်ကနေလည်းပစ်တယ် မြို့အဝင်ငါတို့ဘုရားကုန်းသိတယ်မလား ဆိုင်းဘုတ်အဝင်က ပထမဆုံးညောင်ပင်အောက်ကဆိုင်ကမီးမလောင်ဘူး။ တစ်ဆိုင်ပဲကျန်ခဲ့တာ လေးဆိုင်လောင်သွားတယ်” လို့ဒေသခံတစ်ဦးကဆိုပါတယ်။

ပစ်ခတ်မှုတွေကြောင့် အနီးက ဓာတ်ဆီဆိုင်ကို ၄၀မမ လက်နက်ကြီးကျည် ထိပြီး မီးလောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲငြိမ်သွားပြီးတဲ့နောက်မှ မီးသတ်ကားတွေ မီးလာရောက်ငြိမ်းသတ်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဗန်းမောက်မြို့ပေါ်မှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုက ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

ဗန်းမောက်မြို့မှာရှိတဲ့ စည်ပင်သာယာရုံး ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၊ မိုင်တဲတာဝါတိုင် တွေမိုင်းတွေနဲ့ မတ်လ နဲ့ ဧပြီလ ထဲမှာ တိုက်ခိုက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...