လေးကေနှင့် ဝင်းတာပန်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၃ရက်အတွင်း ထွက်ခွာရန် KNDO ပြော

လေးကေနှင့် ဝင်းတာပန်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၃ရက်အတွင်း ထွက်ခွာရန် KNDO ပြော

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁) နယ်မြေ၊ ဘီးလင်းမြို့နယ် လေးကေနှင့် ဝင်းတာပန် စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စခန်းမှ ၃ရက်အတွင်း ဆုတ်ခွာပေးရန် ကရင်အမျိုးသား ကာကွယ်ရေးတပ် -KNDO တပ်ရင်း(၂)က ယနေ့ ဧပြီလ ၂၀ရက်နေ့တွင် ကြေညာချက်ထုတ် ပြောဆိုလိုက်သည်။

နယ်မြေအတွင်း ကျူးကျော် နေထိုင်သည့်စခန်းများအနေဖြင့် ဧပြီလ ၂၃ရက်နေ့ ဆုံးထားဆုတ်ခွာပေးရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း ဆုတ်ခွာခြင်း မပြုလုပ်ပါက စစ်ရေးအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်းလည်း KNDOက ထုတ်ပြန်ပြောဆိုထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းရင်းသား ပြည်သူလူထုအပေါ် ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အသက်အိုးအိမ်စည်းစိမ်များကိုလည်း မီးရှို့ ဖျက်ဆီးသည့်အပြင် အိမ်ထောင်သည်နှင့် ကလေးငယ်များမကျန် မုဒိမ်းကျင့်ခြင်း စသည့် လူသားမဆန်စွာ ပြုမူဆက်ဆံ နေသည့်အတွက် ၎င်းတို့၏နယ်မြေထဲတွင် စစ်ကောင်စီတပ်ကို လုံးဝနေထိုင်ခွင့် မပြုနိုင်ကြောင်း KNDO ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် KNDO နှင့် ပူးပေါင်းလိုပါက သတ်မှတ်ရက်မတိုင်မှီ ဆက်သွယ်ရန်၊ ထွက်ခွာမည့် လမ်းကြောင်းနှင့်အချိန်ကိုလည်း ကြိုတင် ညှိနှိုင်းရန်နှင့် နယ်မြေအတွင်း ထုတ်ပြန်ထားပြီးဖြစ်သည့် နံနက် ၆နာရီမှ ညနေ ၆ နာရီအတွင်း သွားလာခွင့် အထူးဂရုစိုက်ရန်လည်း KNDO က သတိပေးပြောဆိုထားသည်။

လေးကေနှင့် ဝင်းတာပန် စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် -BGF ပူးပေါင်းတပ် ရောနှောနေထိုင်လျက်ရှိပြီး အဆိုပါအနီးနားကျေးရွာရှိ လူထုများကို အတင်းအဓမ္မခိုင်းစေမှုများလုပ်ဆောင်ခြင်းနှင့် လူထုများနေထိုင်သည့် ကျေးရွာထဲသို့ လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...