စစ်ကောင်စီက သက်ရှိထင်ရှား မရှိတော့တဲ့ KNG နဲ့ KNPLF က ဥက္ကဌဟောင်း ၂ ဦးကို ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်

စစ်ကောင်စီက သက်ရှိထင်ရှား မရှိတော့တဲ့ KNG နဲ့ KNPLF က ဥက္ကဌဟောင်း ၂ ဦးကို ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်

စစ်ကောင်စီက ကယန်းအမျိုးသား ကာကွယ်ရေးတပ် ( KNG )က ဦးကေဘရယ်ပျံ နဲ့ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး  ( KNPLF )က ဦးစန္ဒာကို ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ကြောင်း ဧပြီလ ၁၇ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီ ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်တဲ့ ဦးစန္ဒာဟာ KNPLF ရဲ့ ဥက္ကဟောင်းတစ်ဦးဖြစ်ပြီး ဦးကေဘရယ်ပျံဟာ KNG ရဲ့ ဥက္ကဌဟောင်းတစ်ဦး ဖြစ်ပါတယ်။ ယခုအချိန်မှာ သူတို့နှစ်ဦးဟာ သက်ရှိထင်ရှားမရှိတော့ဘူးလို့ စုံစမ်းသိရှိရပါတယ်။

အခုလို စစ်ကောင်စီက ဘွဲ့တွေပေးအပ်တာနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုသိုက်က အခုလို သုံးသပ်ပါတယ်။

“ ဒါကတော့ စစ်ကောင်စီက သူ့မှာ ရန်သူများလာတော့ သူကြိုးစားပြီးတော့ မိတ်ဆွေရှာတဲ့ သဘောရယ်။ နောက်ပြီးတော့ သူတို့ ဖြစ်ချင်တဲ့ဟာကို ကျန်တဲ့ သူတို့ ဆုတံဆိပ်ပေးတဲ့လူ လုပ်လာအောင် နောက် PDF တွေနဲ့ ကျနော်တို့ ကြားထဲမှာ သွေးခွဲအောင် ဒီပြည်သူလူထုတွေ အထင်မှား အမြင်မှားဖြစ်အောင် လုပ်တဲ့ ကိစ္စတွေပဲပေါ့နော။ ဒါတွေက နိုင်ငံရေး ကစားကွက် တစ်ခုပဲလေ။ ဒီလိုပဲ ကျနော်တို့ မြင်ပါတယ်။ “ လို့ KNDF ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုသိုက်က ပြောပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို ဘွဲ့ပေးအပ်တာဖြစ်ပြီး ကရင်နီပြည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ  ကယန်းအမျိုးသား ကာကွယ်ရေးတပ် ( KNG )က  နဲ့ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး  ( KNPLF )က ဥက္ကဌဟောင်းတွေကိုလည်း ဘွဲ့ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ( ၇၅ )နှစ်တာ ကာလအတွင်း နိုင်ငံတော်နဲ့ နိုင်ငံသား ကောင်းကျိုးအတွက် ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်တဲ့အတွက် စစ်ကောင်စီက ဘွဲ့နှင်းသဘင်အပ်နှင်းတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...
ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...
August 10, 2026
ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၄၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို တော်လှန်...