လေးမျက်နှာမြို့နယ်တွင် ရေကြီးမှုကြောင့် စပါးစိုက်ခင်းများ ရေနစ်မြုပ်ပျက်စီး

လေးမျက်နှာမြို့နယ်တွင် ရေကြီးမှုကြောင့် စပါးစိုက်ခင်းများ ရေနစ်မြုပ်ပျက်စီး
ဓာတ်ပုံ - AKY
ဓာတ်ပုံ - AKY

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ အိုင်သပြုကျေးရွာအပါအဝင် ကျေးရွာ အများ အပြားတွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုနှင့် မိုးရွာသွန်းမှု များပြားခြင်းတို့ကြောင့် ရေဆက်လက် ကြီးနေပြီး စပါးစိုက်ခင်းများပါ ရေနစ်မြုပ်ပျက်စီးလျက်ရှိသည်။

ဇူလိုင်လကုန်ပိုင်းမှ စတင်ဖြစ်ပေါ်လာသည့် အဆိုပါရေဘေးအတွင်း လေးမျက်နှာမြို့နယ်ရှိ လယ်စိုက် တောင်သူ များ၏ စိုက်ပျိုးပြီးကာစ မိုးစပါးပင်ပေါက်များ ရေနစ်မြုပ်နေသည့်အပြင် ရေပြန်မကျနိုင်ဘဲ ဖြစ်နေခြင်းကြောင့် စပါးခင်းများ ပျက်စီးဆုံးရှုံးမည့်အပေါ် ဒေသခံများက အထူးစိုးရိမ်ပူပန်နေကြသည်။

အိုင်သပြုကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက “အကြမ်းဖျင်းပြောရရင် လေးမျက်နှာမြို့နယ်ထဲက စပါး စိုက်ခင်းတွေ အားလုံးနီးပါး ရေမြုပ်ကုန်ပြီ။ ကျမတို့ လယ်တွေလည်း အကုန်လုံးပျက်စီးကုန်ပြီ” ဟု ပြောသည်။

ထို့ပြင် ရေပြန်ကျသွားပါကလည်း စပါးများကို ပြန်လည်စိုက်ပျိုးရန်အတွက် လယ်မြေပြင်ဆင်စရိတ်၊ မျိုးစပါး နှင့် ဓာတ်မြေဩဇာစရိတ်များ ထပ်မံကုန်ကျရမည့် အခြေအနေများရှိနေသဖြင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရ ကြောင်း လေးမျက်နှာမြို့နယ်နေ ဒေသခံများက ပြောသည်။

အဆိုပါဒေသခံအမျိုးသမီးက “ရေကျသွားရင် နုန်း၊ သဲ၊ အမှိုက်တွေ ကျန်ခဲ့မှာဆိုတော့ လယ်ပြန်ပြင်ရမယ်။ မျိုးစပါး ပြန်ဝယ်ရတာ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနဲ့ စက်ယန္တရားစရိတ်တွေ ထပ်ကုန်နိုင်ပါတယ်။ စိုက် ချိန် နောက်ကျသွားရင်လည်း အထွက်နှုန်း လျော့သွားနိုင်သလို ပိုးမွှားနဲ့ ရောဂါကျရောက်နိုင်ခြေ ပိုများပါ တယ်။ တချို့လယ်တွေမှာ ရေမပြတ်သေးရင် ချက်ချင်းပြန်စိုက်ဖို့လည်း မလွယ်သေးပါဘူး” ဟု ဆက် ပြော သည်။

စပါးခင်းများ ရေနစ်မြုပ်သည့်ကိစ္စနှင့်ပတ်သက်၍ ဒေသတွင်းသတင်းရင်းမြစ်တစ်ခုကမူ လေးမျက်နှာမြို့နယ် အတွင်းရှိ ကျေးရွာ ၆ ခုမှ မိုးစပါးစိုက်ဧက ၆,၀၀၀ ကျော်မှာ ငဝန်မြစ်ရေအောက် ရောက်ရှိနေကြောင်း ဖော်ပြ ထားပြီး ဤအချက်အလက်နှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

ထို့ပြင် မိုးရွာသွန်းမှုများ ရပ်တန့်သွားပါကလည်း မြေနိမ့်ပိုင်းကျေးရွာများနှင့် လယ်ကွင်းများတွင် အနည်းဆုံး ရက်ပိုင်းမှ အများဆုံး ရက်သတ္တပတ် ၃ ပတ်အထိ ရေတင်ကျန်နေနိုင်သေးကြောင်း ဒေသခံများက ခန့်မှန်းနေ ကြသလို ရေဆက်လက်မြင့်တက်လာမည့်အရေးကိုလည်း ဆက်လက်စိုးရိမ်နေကြဆဲ ဖြစ်သည်။

ငဝန်မြစ်ရေကာတာ ကျိုးပေါက်ကာ ရေကြီးရေလျှံမှုဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီး စစ်အုပ်စု အစိုးရ အဖွဲ့ကမူ တာတမံနိမ့်ကျပြီး ရေကျော်လွန်ခြင်းကို ထိန်းချုပ်ရန်နှင့် အပျက်အစီး ဒီထက်ပိုမကြီးထွားစေ ရန် သဲအိတ်ကြီးများဖြင့် အုတ်မြစ်ခိုင်ခံ့အောင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဩဂုတ်လ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။

Most read this week

ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...
ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...
မြဝတီမြို့နယ်အတွင်း မြင်တွေ့ရသည့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းအချို့။ / Credit: Naphat Kongchan
September 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်...