စစ်ကောင်စီ တပ်ရိက္ခာပို့ဆောင်ရာတွင် အသုံးပြုသည့် နောင်ကမြိုင်နှင့် တဝန်ဖန်ရကျေးရွာကြား တံတား ဖောက်ခွဲခံရ

စစ်ကောင်စီ တပ်ရိက္ခာပို့ဆောင်ရာတွင် အသုံးပြုသည့် နောင်ကမြိုင်နှင့် တဝန်ဖန်ရကျေးရွာကြား တံတား ဖောက်ခွဲခံရ

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅) နယ်မြေရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ရိက္ခာပို့ဆောင်ရာတွင် အသုံးပြုသည့် ဖားအံ-မြိုင်ကြီးငူကား လမ်းမကြီးပေါ်ရှိ နောင်ကမြိုင်နှင့် တဝန်ဖန်ရ ကျေးရွာကြား တံတားတစ်စင်း ဧပြီလ ၁၁ ရက်နေ့၊ ညနေ ၅ နာရီတွင် ဖောက်ခွဲခံရပြီး တံတားပြို ကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “တဝန်ဖန်ရအကျော်လေးမှာ တံတားတစ် စင်းရှိတယ်။ ရွှေဂွန်းကနေ စစ်ကား ၅ စီး ၆ စီးလောက်ပြန်လာပြီး အဲ့ဒီတံတား အကျော်မှာပဲ အသံအကျယ်ကြီးကြားရတာပဲ။ ကားတော့ မထိသွားဘူး။ တံတားကတော့ အကုန် ပြိုကျသွားတယ်။ အခု သွားလာလို့တော့မရတော့ဘူး။ လမ်းလွှဲပဲ သုံးရတော့ တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တံတားကို မည်သည့်အဖွဲ့အစည်းက ဖောက်ခွဲသွားသည်ကို မသိရှိရကြောင်းနှင့် တံတားဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်များသည် နောင်ကမြိုင်ကျေးရွာအရောက်တွင် သေနတ်(၅)ချက်ခန့် ပစ်ဖောက်သွားကြောင်း လည်း ၎င်းဒေသခံက ဖြည့်စွက်ပြောသည်။

ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ အနီးအနားရှိရွာသူရွာသားများအနေဖြင့် အသွား အလာပို၍ခက်ခဲလာနိုင်မည်ကို စိုးရိမ်ကြောင်းလည်း အခြားဒေသခံရွာသား တစ်ဦးက ယခုလို ပြောသည်။

“ရွှေဂွန်းရဲစခန်းကတော့ ရွာကသူတွေကို ဓာတ်ပုံရိုက်ခိုင်းထားတယ် ပြောတယ်။ တချို့သူတွေကတော့ ရွာအနီးမှာဖြစ်သွားတယ်ဆိုတော့ အသွားအလာကြပ် တည်းသွားမှာကို စိတ်ပူနေကြတယ်။ ဟိုတလောက ပေါ့ထော်ကျေးရွာမှာရှိတဲ့ ဖုန်းတာဝါတိုင် မီးရှို့ခံရတဲ့ ကိစ္စလိုမျိုးဆို နောင်ကမြိုင်လမ်းဂွမှာ အစစ်အဆေး ရှိလာနိုင်မလားပေါ့။”ဟု သူက ပြောသည်။

ဖားအံ-မြိုင်ကြီးငူကားလမ်းမကြီးကို စစ်ကောင်စီတပ် ရိက္ခာသယ်ယူပို့ဆောင်ကြရာ တွင် နေ့စဉ်လိုလို အသုံးပြုနေသည့်လမ်းကြောင်းဖြစ်ပြီး မြိုင်ကြီးငူမှတဆင့် KNU တပ်မဟာ (၅) နယ်မြေ ဖာပွန်ဘက်သို့ တပ်ရိက္ခာများ ပို့ဆောင်ပေးလျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ( ၉)ရက်နေ့တွင်လည်း မြိုင်ကြီးငူဘက်သို့ စစ်ကောင်စီ ကားအလုံပိတ် (၅)စီးတက်သွားသေးသည်ဟု ဒေသခံများထံမှ သိရှိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...