ပိတ်ထားတဲ့လမ်းကို ဖြတ်သွားသူ ပြည်သူ ၄ ဦးကို KSP စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးခဲ့

ပိတ်ထားတဲ့လမ်းကို ဖြတ်သွားသူ ပြည်သူ ၄ ဦးကို KSP စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးခဲ့

ပြီးခဲ့တဲ့ မတ်လ ၁၃ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ၆မိုင်မှာ ပိတ်ထားတဲ့လမ်းကို ဖြတ်သွားတဲ့ ပြည်သူလေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ကနေပြီး မသင်္ကာတဲ့အတွက် စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ကရင်နီပြည်ရဲဌာန (KSP) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သူတို့ကို ဘာလို့ ဖမ်းလဲဆိုတော့ လမ်းပိတ်ထားတာကို သူတို့က ဖြတ်သွားတယ်။ သူတို့ဖြတ်သွားပြီးတော့ နောက်မှာ သေနတ်ဖောက်သံကြားတယ်။ ဆိုတော့ သူတို့ကို မသင်္ကာလို့ သူတို့ကို ခဏဖမ်းထားတာ။ ဒါပေမယ့်အခု သူတို့ကို သေချာပြန်စစ်ကြည့်တော့ သူတို့မှာ အပြစ်မရှိဘူးဆိုတော့ သူတို့ကို ပြန်လွှတ်ပေးတယ် အဲ့လိုပါ။ “ လို့ KSPရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သူတို့ကတော့ လွိုင်ကော်မှာ နေတာဖြစ်ပြီး အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦး ဖြစ်ပါတယ်။ သူတို့ကို ဧပြီလ ၇ရက်နေ့မှာ မိသားစုဝင်တွေကနေပြီး အာမခံနဲ့ ပြန်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

“ လမ်းပိတ်ထားတာကို ဖြတ်မိတဲ့အတွက် ကျနော်တို့ အဖမ်းခံရတာပါ။ ကျနော်တို့ ကိုဖမ်းထားတဲ့နေရာမှာလည်း အေးအေးဆေးဆေးပါပဲ။ ရိုက်တာနှက်တာ မရှိပါဘူးဗျ။ “လို့ အဖမ်းခံရတဲ့ အထဲပါတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

သူတို့ကို (၂၂)ရက်ကြာ ဖမ်းထားခဲ့ပြီး ကရင်နီတပ်မတော် KA ၊ အမှတ်(၁)ခရိုင် အုပ်ချုပ်ရေး ဒီးမော့ဆိုမြို့နယ် ခရိုင်မှူးနဲ့ မြို့နယ်မှူးတို့ ရှေ့မှောက်မှာ ဝန်ခံကတိလက်မှတ်ထိုးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...