စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အဇင်းရွာသားအချို့ ထိုင်းနယ်စပ်သို့ တိမ်းရှောင်နေရ

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အဇင်းရွာသားအချို့ ထိုင်းနယ်စပ်သို့ တိမ်းရှောင်နေရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ်ရှိ အဇင်းကျေးရွာထဲသို့ ယမန်နေ့ ဧပြီလ (၆)ရက်နေ့ ညတွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်အဆက်မပြတ်ပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် ဒေသခံရွာသားအချို့ ထိုင်းနယ်စပ်သို့ သွားရောက်တိမ်းရှောင်နေကြရသည်ဟု သိရသည်။

ယမန်နေ့ည ၈ နာရီဝန်းကျင်တွင် အဇင်းကျေးရွာအရှေ့ဘက်တွင်ရှိသည့် စစ်ကောင်စီတပ်စခန်းကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ဘက်မှ တက်ရောက်ခိုက်ကာ နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကူအနေဖြင့် ဖုချိမူကျေးရွာရှိ စစ်ကောင်စီတပ်စခန်းဘက်မှ အဇင်းကျေးရွာထဲသို့ လက်နက်ကြီးအမြှောက်များဖြင့် ပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် ရွာသားများကြောက်လန့်ကြ၍ ထိုသို့ တိမ်းရှောင်နေကြရခြင်းဖြစ်သည်။

အဆိုပါ လက်နက်ကြီးနှင့်ပစ်ခတ်မှုတွင် ဒေသခံရွာသားများအား ထိခိုက်မှုတစ်စုံတရာမရှိသော်လည်း တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်နေသည့်အတွက် ကြိုတင်တိမ်းရှောင်နေရခြင်းဖြစ်ကာ ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်နေသည့် စစ်ရှောင်အများစုမှာ သက်ကြီးရွယ်အို၊ မိခင်နှင့် ကလေးငယ်များဖြစ်ကြသည်ဟု ရွာသားများက ပြောသည်။

အဇင်းရွာသူတစ်ဦးက “ညတုန်းကပစ်တာ နားလိုက်၊ ပစ်လိုက် မနက် ၂ နာရီအထိ အသံကြားသေးတယ်။ အခြေအနေက ဘယ်လိုဖြစ်လာမလဲ မသိဘူး။ လက်နက်ငယ်နဲ့ပစ်တာကတော့ ကျင်းပုန်းထဲမှာပုန်းလို့ရတယ်။ ကြောက်တာက လက်နက်ကြီးနဲ့ပစ်တာ ကြောက်တယ်။ တစ်ခုခုဖြစ်လာရင် သက်ကြီးရွယ်အိုနဲ့ကလေးတွေက ပြေးဖို့ အခက်အခဲရှိတယ်။ တိုက်ပွဲဖြစ်ရင်နယ်စပ်ကို ပြေးသွားမယ့် လမ်းကြောင်းပိတ်မှာစိုးလို့ တချို့က အရင်ရှောင်တာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင်လည်း ထိုဒေသတွင် နယ်မြေခံ KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် ထီးသဘလုခီး၊ ကွီးလေး၊ ကွီးလုံးတန်နှင့် မော်ကျေးရွာအပါအဝင် ကျေးရွာ ၆ ရွာမှ ဒေသခံ ၁၀၀၀ ကျော် ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်တိမ်းရှောင်ခဲ့ရသေးသည်။

ကော့ကရိတ်တောင်ပိုင်းရှိ ကျိတ်ကျေးရွာတွင်လည်း ပြီးခဲ့သည့် ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့တွင် နယ်မြေခံ KNLA တပ်နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဘက်မှ လေယာဉ်နှင့် နှစ်ရက်ဆက်တိုက် လာရောက် ပစ်ခတ်သည့်အတွက် ဒေသခံ ၂ ဦးဒဏ်ရာရရှိပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ ထိုသို့ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...