လွိုင်ကော်မြို့ရှိ နောင်ယားကန် ဆိုင်တန်းလျားများကို ပိတ်သိမ်း

လွိုင်ကော်မြို့ရှိ နောင်ယားကန် ဆိုင်တန်းလျားများကို ပိတ်သိမ်း

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းရှိ အထင်ကရနေရာတစ်ခုဖြစ်တဲ့ နောင်ယားကန်က ညပိုင်းဖွင့်လှစ်တဲ့ ဆိုင်တန်းလျားတွေ ကို ဧပြီလ ၁ ရက်နေ့လောက်ကနေစပြီး ဖွင့်လှစ်ခွင့်မပေးတော့ဘူးလို့ မြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။

နောင်ယားကန် သန့်ရှင်းရေးကို အကြောင်းပြုပြီး မြို့နယ်စည်ပင်သာယာရေးကနေ ပိတ်သိမ်းလိုက်တာ ဖြစ်တယ်လို့ မြို့ခံလူထုတွေက သုံးသပ်ပြောဆိုကြပါတယ်။

နောင်ယားကန်ဘေးမှာ စျေးရောင်းချနေတဲ့သူတွေကိုတော့ ဒေါဥခူရပ်ကွက်အတွင်းမှာ ရှိတဲ့ စျေးတန်းမှာ ရွေ့ပြောင်းရောင်းချခွင့်ပေးထားတယ်လို့ သိရပါတယ်။ လွိုင်ကော်မြို့နယ်အတွင်းမှာ တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

“ ကျနော် လကုန်ရက်က ရောက်ခဲ့တာ အာ့တုန်းက ဖွင့်တယ်။ ၂ ရက်နေ့ တော့ဆိုင်ပိတ်တာ သတိထားမိတယ်။ ဘယ်နေ့ လဲတော့ တိတိကျကျ ပြောရခက်ပဲ။ စပိတ်ခိုင်းတာ။ ၁ရက်နေ့ လို့ထင်တာပဲ။ နောက်ဆုံးဖွင့်တုန်းက ရောက်ခဲ့သေးတယ်။ စားသောက်ဆိုင်တွေ မရှိတော့ နောင်ယား ကန်လည် ရတာ မမိုက်တော့ဘူးပေါ့ ။ လက်ရှိကလည်း လွိုင်ကော်မှာ လည် စရာဆိုလို့ နောင်ယားကန်လောက်ရှိတာ။”လို့ မြို့နေ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

လက်ရှိလွိုင်ကော်မြို့တွင်းမှာတော့ သွားလာလှုပ်ရှားတဲ့သူတွေရှိနေပေမယ့် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြို့ပြင် ရပ်ကွက်တွေမှာ ပြန်လာနေထိုင်သူတချို့ရှိနေပေမယ့် အသွားအလာနည်းတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိ ကရင်နီပြည်မှာ စစ်ဘေးရှောင် နှစ်သိန်းဝန်းကျင်ရှိနေပြီး လွိုင်ကော်မြို့ကနေ တခြားမြို့တွေကို စစ်ဘေးရှောင်နေတဲ့ သူ ဦးရေက တော့ ခန့်မှန်းခြေအရ နှစ်သောင်းဝန်းကျင် ရှိနေပါတယ်။

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...