ယနေ့နံနက်တွင် စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ပြီး နေအိမ်ပျက်စီးမှုရှိ

ယနေ့နံနက်တွင် စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ပြီး နေအိမ်ပျက်စီးမှုရှိ

ဒီကနေ့(မတ်လ ၃၁ ရက်) နံနက်(၇)နာရီ ဝန်းကျင်အချိန် မှာ စစ်ကောင်စီက လက်နက်ကြီး ရမ်းသန်းပစ်ခတ် နေတဲ့အတွက် ကရင်နီပြည်နယ်၊ ဒီးမော့ဆို အရှေ့ဖက်ခြမ်းရှိ ဒေါခူလီကျေးရွာအတွင်း ကျရောက်ပြီး နေအိမ်တစ်လုံး ထိမှန်ပျက်စီးသွားတယ်လို့ KNDF B-10က ဒီကနေ့ ထုတ်ပြန်ပါတယ်။

“ ဒီမနက်က ဒေါခူလီမှာက လက်နက်ကြီး ၃လုံး ကျပေါက်ကွဲတယ်ပြောတယ်။ ဒါပေမယ့် တစ်လုံးက အိမ် ထိတယ်။ အိမ်တစ်လုံးပျက်စီးသွားတယ်။ တချို့က ကျောင်းထဲမှာ ကျတယ်။ ဒါပေမယ့် အထိအခိုက်ကတော့ အဲ့လောက်မရှိဘူးပေါ့။ “ လို့ KNDF B-10က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ရမ်းသန်းပစ်ခတ်နေတာဖြစ်ပြီး ဒီကနေ့ မနက် ၉ နာရီခွဲအချိန်ထိ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။ အနီးအနားကကျေးရွာတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေရှိနေပြီး ခြေအနေ အတိအကျကိုတော့ မသိရသေးပါဘူး။

လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ပြီးခဲ့တဲ့ မတ်လ(၁၃)ရက်နဲ့  (၁၈)ရက်မှာလည်း

ဒီးမော့ဆို အရှေ့ဖက်ခြမ်း တနီးလားလဲကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့အထိ အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရသူ ၁၇၇ ဦးရှိပြီး သေဆုံးသူ ၂၃၅ ဦးရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် KCSNက မတ်လ ၁၆ ရက်နေ့မှာ ဖော်ပြထားပါတယ်။

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...