ဘလယ်ဒို-သေ့ဘောဘိုး တိုက်ပွဲ စစ်ကောင်စီတပ် ၆၁ ဦး ကျဆုံးပြီး ၁၅ ထိခိုက်ဒဏ်ရာရ၊ တပ်နောက်ပြန်ဆုတ်နေ

ဘလယ်ဒို-သေ့ဘောဘိုး တိုက်ပွဲ စစ်ကောင်စီတပ် ၆၁ ဦး ကျဆုံးပြီး ၁၅ ထိခိုက်ဒဏ်ရာရ၊ တပ်နောက်ပြန်ဆုတ်နေ

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ (မြဝတီမြို့တောင်ဘက်) ကျောက်ခက်-သေဘောဘိုးကျေးရွာကြားရှိ ဘလယ်ဒိုကျေးရွာတိုက်ပွဲတွင် ယမန်နေ့ မတ်လ ၂၇ရက်နေ့က စစ်ကောင်စီ တပ်ဘက်မှ ၆၁ ဦးကျဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု မြေပြင်သတင်းအရ သိရသည်။

ဝေါလေဒေသဘက် အင်အား ၃၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းအား ကရင်မျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာတွင် အကျအဆုံးများပြားသဖြင့် ဘလယ်ဒိုကျေးရွာလမ်းမှ ကျောက်ခက်ကျေး ရွာဘက်သို့ စစ်ကြောင်းပြန်ဆုတ်သွားခဲ့ရသည်ဟု တိုက်ပွဲအတွင်း ပါဝင်သည့် KNLA ပူးပေါင်းတပ်ဖွဲ့မှ တပ်မှူးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

” ၆၁ ယောက်ကျတယ်။ ၁၅ ယောက်ဒဏ်ရာရတယ်။ ကျနော်တို့နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ ၄ ယောက်ပဲ အလောင်းရတယ်။ ကျန်တာကိုတော့ ညက လာဆွဲသွားတာ။ မနေ့က ရှေ့မှာပဲ တစ်လောင်း ၊ တစ်လောင်း တန်းစီနေတယ်။ သူပစ်ကိုယ်ပစ်ဆိုတော့ ကိုယ်သွားမကောက်ရဲ၊ သူတို့လည်း မကောက်ရဲဖြစ်နေတယ်။ သူတို့ယူ သွားလို့ရတဲ့အလောင်းကတော့ ညကယူသွားလိုက်တာပေါ့။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိဘူး။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယနေ့ နံနက် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် စနိုက်ပါ တစ်လက်၊ ၆၀ မမတစ်လက်၊ M1 တစ်လက်၊ M2 တစ်လက်နှင့် ကျည်ဆံအများအပြား သိမ်းဆည်းရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများ ကိုလည်း ရှင်းလင်းဆောင်ရွက်ခဲ့ရကြောင်း ၎င်းတပ်မှူးက ဆက်ပြောသည်။

Photo: KNLA

ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲတွင် သေဆုံးဒဏ်ရာရရှိမှုအများအပြားရှိလာသည့်အတွက် လေကြောင်းပစ်ကူ ရဟတ်ယာဥ် ၂ စီးဖြင့် ၂ ကြိမ်လာရောက် ပစ်ကူခဲ့ပြီးနောက်ပိုင်း ဘလယ်ဒိုကျေးရွာလမ်းမှ ကျောက်ခက် ကျေးရွာ ဘက်သို့ စစ်ကြောင်း နောက်ပြန်ဆုတ်သွားခဲ့ပြီး ယနေ နေ့လည်ပိုင်းအထိ စစ်ကြောင်းတက်လာခြင်းမရှိ သေးကြောင်း မြေပြင်သတင်းအရ သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် ကျောက်ခက် ၊ ဘလယ်ဒို ၊ သေ့ဘောဘိုး၊ ဆုံဆည်းမြိုင် အနီးဝန်းကျင်နေထိုင်သူ ဒေသခံ ၂၀၀၀ ထောင်ခန့် ထိုင်းနိုင်ငံဘက် သောင်ရင်းမြစ်ဘေးနေရာသို့ ယာယီထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ယနေ့ နံနက်ပိုင်း ထိုင်းနိုင်ငံ နယ်ခြားစစ်တပ်မှ တိုက်ပွဲငြိမ်ချိန် မြန်မာပြည်ဘက် ပြန်ကြရန် သတိပေးမှုများကြောင့် စစ်ဘေးရှောင်ဒေသခံများ မိမိနေရပ်ပြန်နေထိုင်ရန် အခက်အခဲများရှိနေကြောင်း စစ်ရှောင်များက ပြောသည်။

“စစ်ဘေးရှောင်တွေဆီ မနေ့ကသွားတော့ တိုက်ပွဲက ကျည်တွေ ထိုင်းဘက်ကျနေတော့ ထိုင်းစစ်တပ်က အသွား အလာပေးမလုပ်ဘူး၊ စစ်ရှောင်တွေ ထမင်ဗူး၊ ရေဗူးဝေပြီး မြန်မြန် ပြန်ထွက် ခိုင်းတယ်၊ စစ်ရှောင်တွေကိုလည်း ထိုင်းဘက်ကမ်းပေါ် ပေးမတက်ဘူး၊ တိုက်ပွဲ ငြိမ်ရင်ပြန်ကူးသွားကြဖို့ ပြောတယ်၊ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် စစ်ရှောင်တွေ တော်တော်တိုးလာမယ်၊ ကူညီရေးလမ်းကြောင်းတွေ ကြပ်လာမယ်ဆို စစ်ရှောင်တွေ နေရေး၊ စားရေးခက်လာမယ့် အခြေအနေရှိနေတယ်”ဟု စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

KNU တပ်မဟာ ၆ စစ်ရေးနယ်မြေအတွင်း စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လာနေသည့် စစ်ကောင်စီတပ်များအား ဒေသတွင်း KNLA၊ KNDO နှင့် ဒေသတွင်း ပူးပေါင်းတပ်ဖွဲ့များနှင့် နေရာစုံတွင် တိုက်ပွဲများ နေစဥ်ဖြစ်ပွားနေပြီးဒေသ ကျေးရွာ ၃၀ ကျော်မှ စစ်ဘေးရှောင် ၃ သောင်းခန့်အထိမြင့် တက်လာ နေကြောင်း စစ်ဘေးရှောင် အကူအညီပေးရေးအဖွဲ့များ ကောက်ခံထားသည့် စာရင်းများအရ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...