စစ်ကောင်စီတပ် ထွက်ခွာမှုမရှိပါက ညှိနှိုင်းရေးလမ်းကြောင်းသွား၍မရဟု စစ်ကောင်စီစာပို့မှုအပေါ် KNU တုန့်ပြန်

စစ်ကောင်စီတပ် ထွက်ခွာမှုမရှိပါက ညှိနှိုင်းရေးလမ်းကြောင်းသွား၍မရဟု စစ်ကောင်စီစာပို့မှုအပေါ် KNU တုန့်ပြန်

ကေအဲန်ယူ ထိန်းချုပ်သည့် နယ်မြေများတွင် စစ်ကောင်စီတပ်ဖွဲ့များ နောက်ဆုတ်ထွက်ခွာခြင်း မလုပ်ဆောင်ပါက ညှိနှိုင်းရေးလမ်းကြောင်းကို ဦးစွာသွား၍မရကြောင်း ကရင်ပြည်နယ် စစ်ကောင်စီမှဖွဲ့စည်းထားသည့် ဒေသညှိနှိုင်းရေးအဖွဲ့ထဲတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ပါဝင်ပူးပေါင်းသွားနိုင်ရန် စာပို့လာသည့်အပေါ် ကေအဲန်ယူဘက်က ပြန်လည်တုန့်ပြောပြောဆိုသည်။

အဆိုပါ ဒေသညှိနှိုင်းရေးအဖွဲ့ထဲတွင် ကေအဲန်ယူ ပါဝင်ပူးပေါင်းသွားရန်အတွက် စစ်ကောင်စီ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်မှ ဖားအံမြို့ရှိ KNU ဗဟိုနှင့် တပ်မဟာများ ဆက်ဆံရေးရုံးထံ မတ်လ ၂၃ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာပို့သည့်အပေါ် ကေအဲန်ယူ- နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးက ယခုလို ပြန်လည်တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “တွေ့ဆုံညှိနှိုင်းမှုလုပ်ချင်ရင် တစ်ခုခုလုပ်ရမယ်လေ။ သူတို့တပ်တွေ ကျနော်တို့ နယ်မြေက ထွက်ခွာပေးဖို့ ကျနော်တို့ ပြောတာတွေရှိတယ်။ ကျနော်တို့ ပြည်သူတွေကို သတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့တယ်။ ဒီမနက်ပဲ ရွာတွေထဲမှာ သူတို့လက်နက်ကြီးနဲ့ပစ်ပြီး လူထုတွေသေရတယ်။ အဲဒါတွေကတော့ မရပ်ဘဲ အပစ်ရပ်ဖို့ အတွက်လာပြောရင် ဘာရည်ရွယ် ချက်နဲ့ လာပြောတာလဲပေါ့။ တစ်နိုင်ငံလုံးမှာ တိုက်ပွဲဖြစ်တယ်။ ကရင်ပြည်နယ် တစ်ကွက်ထဲတိုက်ပွဲဖြစ်တာမဟုတ်ဘူး။ တစ်နိုင်ငံထဲမှာအတူတူနေပြီး ဒီတစ်ကွက်ထဲပဲ ညှိနှိုင်းမှုလုပ်လို့ရမဘူးလေ” ဟု ကေအိုင်စီသို့ပြောသည်။

ပြည်နယ်အတွင်း အပစ်အခတ် မဖြစ်ပွားစေရေးအတွက် ဒေသအတွင်းညှိနှိုင်းရေးအဖွဲ့ကို စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ်အစိုးရ အဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီဖြစ်သည့်အတွက် ၎င်းအဖွဲ့ထဲတွင် ကေအဲန်ယူအနေဖြင့် ပူးပေါင်းပါဝင်ရန်နှင့် ပါဝင်နိုင်မည့် အမည်စာရင်းပြန်လည်တင်ပြပေးရန် စစ်ကောင်စီ၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီ နယ်လုံအကြောင်းကြားစာပို့သည့်ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသမီးအစည်းအရုံး (KWO) အတွင်းရေးမှူးနော်ကညောဖောကလည်း”ဒီအချိန်မှာ ကျမတို့တိုင်းရင်းသားတွေအားလုံး စည်းလုံးရမယ်။ သူတို့နဲ့ သွားတွေ့ဆုံညှိနှိုင်းစရာအကြောင်းမရှိဘူး။ အပစ်ခတ်ရပ်ဖို့ ပြီးတော့ဘာလုပ်ပေးမလဲ ဆိုပြီးပြောမယ်။ တကယ်တော့ သူတို့ အင်အားကောင်းလာဖို့ သူတို့အကြံအစည်က အမြဲရှိတယ်။ ကျမတို့ ဒီလိုပြောတာက ငြိမ်းချမ်းရေးမလိုချင်လို့ပြောတာမဟုတ်ဘူး။ စစ်အာဏာရှင်အောက်က ငြိမ်းချမ်းရေးဆိုတာရှိလာမှာမဟုတ်ဘူး ကျမထင်တယ်”ဟု ပြောသည်။

ကရင်ပြည်နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးများနှင့် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းများပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက်ဟုဆိုပြီး အဆိုပါ ငြိမ်းချမ်းရေးအထောက်အ ကူပြုကော်မတီကို ဖွဲ့စည်းကာ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးက ကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ကော်မတီဝင်ထဲတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ပါဝင်သည့်အပြင် ပြည်နယ် နယ်လုံဝန်ကြီးက ကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ယူသည်ဟု သိရသည်။

၎င်းအပြင် ကော်မတီအဖွဲ့ထဲတွင် ကော့ကရိတ်၊ ဖားအံ၊ လှိုင်းဘွဲ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နှင့် သံတောင် မြို့များရှိ မြို့မိမြို့ဖအချို့လည်း ကော်မတီဝင်ထဲတွင် ထည့်ထားခြင်းရှိသည်ဟုလည်း ပြည်နယ် စစ်ကောင်စီ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြန်/ဆက်၏ ထုတ်ပြန်ထားခဲ့သည့် သတင်းအရ သိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...