သင်္ဃန်းညီနောင်မြို့ဝင်ကြေးကောက်သည့်ဂိတ် ပစ်ခတ်ခံရပြီး (၁) ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်

သင်္ဃန်းညီနောင်မြို့ဝင်ကြေးကောက်သည့်ဂိတ် ပစ်ခတ်ခံရပြီး (၁) ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်

ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်အထွက် အာရှလမ်းရှိ မြို့ဝင်ကြေးကောက်သည့်ဂိတ်အား ယမန်နေ့ နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ခုမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဂိတ်ရှိ အမျိုးသား ၃ ဦးကျည်ထိမှန်ခဲ့ပြီး ထိုထဲမှ ၁ ဦးသေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့ဝင်ကြေး ကောက်ခံဂိတ်ကို မတ်လ ၂၂ ရက်၊ နံနက် ၉ နာရီခန့်က လက်နက်ကိုင်အဖွဲ့တစ်ခုမှ အဝေးကနေလှမ်းပစ်ခဲ့တာဖြစ်ကြောင်း ၎င်းဂိတ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဖြစ်တာက ဒီနေ့မနက် ၉ နာရီလောက်က ဖြစ်သွားတာပါ။ လက်နက်ကိုင်အဖွဲ့ တစ်ခုက အဝေးကနေ လှမ်းပစ်တာဂိတ်မှာရှိတဲ့ အမျိုးသား ၃ ဦး သေနတ်ကျည် ထိမှန်ခဲ့ပါတယ်။ ၁ ယောက်ကတော့ ဆေးရုံကို ပို့ဆောင်စဉ်မှာပဲ သေဆုံးသွားပြီးကျန်တဲ့ ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်တဲ့ အခြေအနေမှာ ရှိတယ်” လို့ ဂိတ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ယနေ့ နံနက် သေနတ်ပစ်ခံရ၍ သေဆုံးသွားသူမှာ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC မှ တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပြီး သင်္ဃန်းညီနောင်အထွက် AK ဂိတ်ဟု လူသိများသော ၎င်း မြို့ဝင်ကြေးကောက်ခံဂိတ်သည် ကရင်လက်နက်ကိုင် ၄ ဖွဲ့မှ လေလံရထားပြီး မြို့ဝင်ကြေးကို ယင်းတို့နှင့်နီးစပ်သည့် တပ်ဖွဲ့ဝင် မိသားစုများမှ ကောက်ခံပေးလျက် ရှိသည်။

အဆိုပါ ဂိတ်ကိုလည်း မူလနေရာဟောင်းမှ ယခင်ဌာနဆိုင်ရာ အဖွဲ့စုံ ဂိတ်နေရာသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...