ရုရှားကျူးကျော်စစ်အပေါ် ကန့်ကွက်ပြီး ယူကရိန်းပြည်သူနှင့်အတူ ရပ်တည်ကြောင်း ကော့ကရိတ်တောင်ပိုင်း ပြည်သူများ ဆန္ဒထုတ်ဖော်

ရုရှားကျူးကျော်စစ်အပေါ် ကန့်ကွက်ပြီး ယူကရိန်းပြည်သူနှင့်အတူ ရပ်တည်ကြောင်း ကော့ကရိတ်တောင်ပိုင်း ပြည်သူများ ဆန္ဒထုတ်ဖော်

ရုရှား၏ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်လုပ်ဆောင်နေခြင်းကို ကန့်ကွက်ပြီး စစ်ဘေးသင့် ယူကရိန်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်းကို ပြသသည့်အနေဖြင့် ယနေ့ မတ်လ ၁၈ ရက်နေ့နံနက်တွင် ကော့ကရိတ်တောင်ပိုင်ရှိ ကရင်ပြည်သူများစုပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်မှုဝင် ပါဝင်သူတစ်ဦးက “ အင်အားကြီးတဲ့ အာဏာရှင်နိုင်ငံက အင်အားနည်းတဲ့ ယူကရိန်းလို ဒီမိုကရေစီနိုင်ငံကို အနိုင်ကျင့်တာ ကျနော်တို့ ဆန့်ကျင်တယ်။ ဒါကြောင့် ယူကရိန်းပြည်သူတွေ ရင်ဆိုင်ရတဲ့ စစ်ဘေးစစ်ဒဏ်တွေ၊ ဆင်းရဲဒုက္ခတွေ၊ ထိခိုက်သေဆုံးမှုတွေကို ကျနော်တို့ ကရင်ပြည်သူတွေအနေနဲ့လည်း သူတို့နဲ့အတူ ရပ်တည်ကြောင်းကို ပြသတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာပြည်မှာလည်း အလားတူ ခံစားနေရပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်

ထို့အပြင် ၎င်းရုရှားကျူးကျော်စစ်အပေါ် အာဏာသိမ်းမင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီက ထောက်ခံအားပေးမှုနှင့်ပတ်သက်ပြီး ရှုတ်ချကြောင်းနှင့် အာဏာရှင်စနစ်ကျင့်သုံးသည့် နိုင်ငံဟူသမျှကို ဆန့်ကျင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယနေ့ နံနက်ဆန္ဒထုတ်ဖော်မှုတွင် ကော့ကရိတ်တောင်ပိုင်းရှိ ပြည်သူ ၁၀၀ ခန့် စုပေါင်း၍ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုအား ကန့်ကွက်ရှုတ်ချသည်၊ ပူတင်သည် စစ်ရာဇဝတ်ကောင်၊ မင်းအောင်လှိုင်သည် စစ်ရာဇဝတ်ကောင်၊ စစ်အာဏာရှင်စနစ် အလိုမရှိ၊ ရုရှားစစ်တပ် ယူကရိန်းနိုင်ငံမှ ချက်ချင်းထွက်သွားနှင့် ရုရှားနိုင်ငံ၏ မတရားကျူးကျော်စစ် ကျဆုံးပါစေ စသည့် ပိုစတာများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...