အာဏာသိမ်းပြီးနောက်တစ်နှစ်ကျော်အတွင်းလူငါးသိန်းနီးပါးစစ်ဘေးရှောင်နေရ

အာဏာသိမ်းပြီးနောက်တစ်နှစ်ကျော်အတွင်းလူငါးသိန်းနီးပါးစစ်ဘေးရှောင်နေရ

စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်းမှာ လူငါးသိန်းနီးပါး စစ်ဘေးရှောင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ဒီနေ့ မတ်လ (၁၇) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာတနိုင်ငံလုံးမှာဆိုရင်‌တော့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလမတိုင်ခင်က ၃၇၀,၀၀၀ နဲ့  အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၄၉၅,၃၀၀ဦး အပါအဝင် စုစုပေါင်း လူဦးရေ ၈၆၅,၇၀၀ဦးဟာ နေရပ်စွန့်ခွာထွက်ပြေးရလျက်ရှိပါတယ်လို့ UNOCHA ကဆိုပါတယ်။

စစ်ကောင်စီတပ်တွေနဲ့  ပြည်သူ့ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲကြောင့် စစ်ကိုင်းတိုင်းထဲမှာ စစ်ရှောင်နေရသူ တစ်သိန်းကျော်နဲ့ အများဆုံးဖြစ်ပါတယ်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကယား(ကရင်နီ)၊ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ တနင်္သာရီးတိုင်း နဲ့  ရှမ်းပြည်တောင်ပိုင်းတို့မှာ စစ်ဘေးတိမ်းရှောင်နေရသူ နှစ်သိန်းကျော်ရှိနေပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပြုလုပ်တာကြောင့် သိန်းနဲ့ချီတဲ့ဒေသခံတွေက နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။

ဒီလို စစ်ရှောင်နေရသူတွေဆီကို  လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ အလွန်တင်းကြပ်တဲ့ သွားလာခွင့်ဆိုင်ရာအခြေအနေတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...