ရှမ်းပြည်အတွင်းက တရားမဲ့သတ်ဖြတ်ခံရမှုတွေကို အမှန်တရားနဲ့ တရားမျှတမှု ပေါ်ပေါက်စေလို

ရှမ်းပြည်အတွင်းက တရားမဲ့သတ်ဖြတ်ခံရမှုတွေကို အမှန်တရားနဲ့ တရားမျှတမှု ပေါ်ပေါက်စေလို

ရှမ်းပြည်တွင်းက  တရားမဲ့သတ်ဖြတ်ခံနေရမှုတွေကို  အမှန်တရားနဲ့ တရားမျှတမှုပေါ်ပေါက်စေလိုတယ်လို့ ရှမ်းအရပ်ဘက် အဖွဲ့အစည်း (၁၅)ဖွဲ့က  မတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်က မိုင်းနုမ်ဟန်နဲ့ မိသားစု အသတ်ခံလိုက်ရတဲ့ကိစ္စမှ အစပြုပြီးတော့ တခြား ရှမ်းပြည်အတွင်းမှာ ရဟန်းနဲ့ တက်ကြွလှုပ်ရှားသူတွေ တရားမဲ့သတ်ဖြတ်ခံရတာတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်စေလိုတယ်လို့ ဆိုပါတယ်။

“ တရားမျှတမှုပျောက်ဆုံးနေတဲ့  ကျွန်တော်တို့ရဲ့ ရှမ်းပြည်ထဲက ရှမ်းပြည်သားတွေပဲပေါ့နော်၊ ကျွန်တော်တို့တွေ လူတွေလို့ဖြစ်တဲ့အခါမှာ လူတိုင်းကတန်ဖိုးရှိပါတယ်။အသက်တိုင်းကတန်ဖိုးရှိပါတယ်။ ဒီအဖြစ်မှန်တွေအားလုံးပေါ်ပေါက်စေချင်တယ်။ မိုင်းနုမ်ဟန်ကိစ္စလည်းပါမယ်။ တခြားသော မိုင်းနုမ်ဟန်အရှေ့ကကိစ္စလည်းပါမယ် အခုထိအမှုမှန်မပေါ်နိုင်သေးတဲ့အရာပေါ့နော် ၊ ကျွန်တော်တို့လည်းစိတ်မကောင်းဘူး အမှုမှန်ပေါ်စေချင်တယ်” လို့  သဘောထားကြေညာချက်ထုတ်ပြန်ခဲ့တဲ့အဖွဲ့တွေရဲ့ ပြောဆိုခွင့်ရှိသူ စိုင်းလောဝ်ဆိုင်ခေး ပြောပါတယ်။

ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေက  အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း လုံးဝမပြုလုပ်ဖို့ လေးလေးနက်နက်တောင်းဆိုထားပါတယ်။

သဘောထားကြေညာချက်မှာ ရှမ်းကျောင်းသားများသမဂ္ဂ ၊ ရှမ်းလူငယ်(ရန်ကုန်)၊ ကျွန်းတစ်ထောင်ဖောင်ဒေးရှင်း၊ ကမ္ဘာ့ရှမ်းလူမျိုးများကွန်ရက် ၊ ဂျပန် ၊ တောင်ကိုးရီးယား ၊ ထိုင်း ၊ ဒိန်းမတ် ၊ နော်ဝေ ၊ ဗြိတိန်က  ရှမ်းလူငယ်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပါဝင်ထုတ်ပြန်ထားခဲ့ကြပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...