ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ် ကင်းပုန်းချလာသည့်အတွက် တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်

ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ် ကင်းပုန်းချလာသည့်အတွက် တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်

ကော့ကရိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ တပ်အင် အားအလုံးအရင်းဖြင့် ရပ်ကွက်လမ်းထိပ်များ၊ မြို့တွင်း မြို့ပြင် ဝင်ထွက်ရာလမ်းမများတွင် ယာယီသဲအိတ်ဘန်ကာများ ပြုလုပ်ကာ ကင်းပုန်းဝပ် လုံခြုံရေးယူထားသည့် အသွင်ဖြင့် စစ်အင်အားချထား နေရာယူထားသည့်အတွက် မြို့တွင်းတိုက်ပွဲဖြစ်လာမည်ကို မြို့ခံများက စိုးရိမ်လျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၄ရက် ညက ခြေလျင်တပ်ရင်း-ခလရ ၉၇ အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်အင်အားအလုံးအရင်းဖြင့် ရပ်ကွက်လမ်းထိပ်များ၊ မြို့တွင်း မြို့ပြင် ဝင်ထွက်ရာလမ်းမများနှင့် ၉၇ တပ်ဝင်း ပတ်ဝန်းကျင်အနီးရှိ ဘုန်းကြီးကျောင်းဝင်းများအတွင်း ယာယီသဲအိတ်ဘန်ကာများပြုလုပ်ကာ ကင်းပုန်းဝပ် စစ်အင်အားချထား နေရာယူထားသည့်ဖြစ်စဉ်များကြောင့် မြို့တွင်းတိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ထိတ်လန့်လျက်ရှိသည်ဟု မြို့ခံများက ပြောသည်။

“မြို့ဝင်မြို့ထွက်၊ လမ်းထိပ်ရွာထိပ်တွေမှာ စစ်တပ်နဲ့ ရဲအစောင့်တွေ အင်အား စုပေါင်း ၅၀ လောက် ကင်းချထားတယ် ။ ဒီမနက်ပိုင်း စကခ ၁၂ ဘက်ကနေ မြို့လယ်က ၉၇ တပ်ကို စစ်ကား ၅ စီးအင်အား ၁၀၀ လောက် လာပို့သွားပြီးတော့ တပ်ဘေးက ဘုန်းကြီးကျောင်းတွေထဲကို ကင်းပုန်းချတဲ့ ပုံစံမျိုးနေရာဝင်ယူလာပြီး ဘုန်းကြီးတွေ မနေရဲရင် နေရာရွှေ့နေကြဖို့ ပြောတယ်။ ညကတော့ လေယာဥ် ၂ ကြိမ် လာပျံပြီး ကင်းထောက်တယ်။ မြို့ခံတွေကတော့ မကြုံစဖူး မြို့ထဲ သဲအိတ်ဘန်ကာတွေနဲ့ စက်သေနတ်တွေ ထောက်ပြီးကင်းချထားတာမျိုးဆိုတော့ နေရာပြောင်းနေကြဖို့တော့ ပြင်နေကြပြီ။ “ဟု ကော့ကရိတ်မြို့ခံ တစ်ဦးက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

အဆိုပါ KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ် ဧရိယာအတွင်းမှ စစ်ကောင်စီတပ်များ ၃ ရက်အတွင်း ပြန်လည်ဆုတ်ခွာရန် မတ်လ ၇ ရက်နေ့က စာထုတ်အကြောင်းကြား ထုတ်ပြန်ထားပြီးသည့်နောက်ပိုင်း ဒေသတွင်းရှိ အာရှလမ်းသစ်လမ်းပိုင်း ၊ တောင်ကြာအင်းကျေးရွာဘက်နှင့် ကော့ကရိတ် မြို့အနီး၊ ဝါဆိုဦး ရပ်ကွက်အပိုင်း၊ ခလရ ၉၇ တပ်ဝင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားမှုရှိခဲ့သည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းအထိတောင်ကြာအင်း ကျေးရွာဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ ဆက်လက် ပစ်ခတ်တိုက်ခိုက်မှုများရှိနေသေးကြောင်း၊ ဒေသခံများအနေဖြင့် ဓာတ်လောင်းဘုရာကုန်းဘက်နှင့် လောင်းကိုင်၊ ဖားကျ ၊ သမိန်ဒွတ် ကျေးရွာများ ဘက်သို့ စစ်ဘေး ရှောင်နေကြရကြောင်း သိရှိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...