ဗန်းမောက်မြို့နယ်က ရွှေမျှောလုပ်ကိုင်နေသူများ ရဲကိုလစဉ်ကြေးပေးဆောင်နေရ

ဗန်းမောက်မြို့နယ်က ရွှေမျှောလုပ်ကိုင်နေသူများ ရဲကိုလစဉ်ကြေးပေးဆောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှာ ရွှေမျှောလုပ်ကိုင်နေသူအားလုံးနီးပါးက စစ်ကောင်စီရဲတပ်ဖွဲ့ကို လစဉ်ကြေးပေးဆောင်နေရတယ်လို့ ဒေသခံလုပ်ငန်းရှင်တွေဆီကနေသိရပါတယ်။

ဘတ်ဟိုးတွေနဲ့လုပ်တဲ့ ရွှေမျှောတွေဆိုရင် (၃)သိန်းကနေ (၆)သိန်းဝန်းကျင်အထိ တောင်းခံနေတယ်လို့ဆိုပါတယ်။

“ ဒေသခံတွေပြောလိုပြောကြလဲဆိုရင် ရဲကငြိလို့မရဘူးပေါ့ ၊ကျန်တဲ့ တောတွင်းလက်နက်ကိုင်တွေဆိုရင်က ဟာအဆင်မပြေသေးဘူးဆိုရင်ရတယ်ပေါ့လေနော့် “ လို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

ဗန်းမောက်မြို့နယ်မှာ လယ်ယာလုပ်ငန်း ပြီးရင် ရွှေတူးဖော်ရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေကြပြီးတော့ ရွှေမျှော ၊ ကျောက်ရွှေ၊ မုန်စက် စတဲ့နည်းတွေနဲ့ တူးဖော်နေကြတာပါ။

ရဲတပ်ဖွဲ့တွေက မုန်စက်နဲ့ ပြုလုပ်သူတွေကို လစဉ်ကြေးတစ်လ သုံးသောင်းကောက်ခံနေပြီး လတိုင်းနီးပါးလာကောက်နေကြတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း KIA က ဗန်းမောက်မြိုန့ယ် အလယ်ရွာအုပ်စု ခိုနန်းကျေးရွာအုပ်စုတို့မှာ ရွှေလုပ်ကိုင်နေတဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေဆီကို ဘတ်ဟိုးတစ်စီး ၁၅ သိန်းတောင်းခဲ့တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ်က ရဲနဲ့ တခြားဌာနဆိုင်ရာတွေကို ငွေကြေး ဒါမှမဟုတ် လစဉ်ကြေးပေးပြီး ရွှေမျှောလုပ်ကိုင်နေမှုကလည်း အစိုးရအဆက်ဆက်မှာ ရှိခဲ့တာလည်းဖြစ်ပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...