တောင်ကြီးမြို့မှာ ကရင်နီပြည်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့ ၆ဖွဲ့ နဲ့ စစ်ကောင်စီ တွေ့ဆုံ

တောင်ကြီးမြို့မှာ ကရင်နီပြည်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့ ၆ဖွဲ့ နဲ့ စစ်ကောင်စီ တွေ့ဆုံ

ကရင်နီပြည်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ ၆ဖွဲ့နဲ့ စစ်ကောင်စီ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်အဖွဲ့က မတ်လ ၁၅ရက်နေ့မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းဖော်ပြပါတယ်။

မတ်လ ၁၅ရက်နေ့ နေ့လယ်ပိုင်းမှာ ရှမ်းပြည်နယ် တောင်ကြီးမြို့ တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ ၌ တွေ့ဆုံခဲ့ပြီး အမှာစကားပြောကြားခဲ့သလို ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်တွေရဲ့ တင်ပြချက်အပေါ် လိုအပ်အရာများ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးပြီး စားသောက်ဖွယ်ရာနဲ့ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။

စစ်ကောင်စီ တိုင်းမှူးနဲ့ တွေ့ဆုံခဲ့တဲ့ အဖွဲ့တွေဖြစ်တဲ့ ကယန်းပြည်သစ်ပါတီအသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေး အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့၊ လွိုင်လင်လေးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့၊ KNPDP အသွင်းပြောင်း ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့၊ မော်ချီးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့၊ KNG အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ တို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ မိုးဗြဲမြို့မှာ စတင်စစ်ကြောင်းထိုးခဲ့ပြီးနောက် နန်းမယ်ခုံမြို့၊ ဒီးမော့ဆိုမြို့ ကျေးရွာ မြို့ပေါ်အထိ တိုက်ပွဲကူးစက်လာပြီး ဒီကနေ့ မတ်လ ၁၆ ရက်နေ့အထိ ကရင်နီတပ်မတော်(KA)၊ KNDF အပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

လေကြောင်းပစ်ကူမှုအပြင် အတွဲလိုက်ဒုံးပစ်ခတ်မှု၊ သာလွန်တဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်နက်ခဲယမ်းအင်အားမမျှဘဲ နယ်မြေတွေကို ယာယီဆုတ်ခွာလိုက်ရတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုကြပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးများပြားခဲ့သလို ထိခိုက်မှုလည်းရှိခဲ့ပါတယ်။

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...